~~အပိုင်း-13~~
ဒေါက်တာရဲ့ သီးသန့်ခန်းအတွင်းမှ တိတ်တဆိတ်ထွက်လာချိန်
ကျနော့်ခြေလှမ်းတွေဟာ ယိုင်နဲ့လို့နေခဲ့ပြီ.အဖြူရောင် ကြမ်းပြင်ကိုသာ အားစိုက်ငေးကြည့်နေတဲ့ မျက်ဝန်းတွေမှာ မျက်ရည်ဆိုတာ အပြည့်.
နားထဲပဲ့တင်ထပ်နေတဲ့ ဒေါက်တာစကားသံက ကျနော့်နှလုံးသားကို သေဆုံးစေတာ အကြိမ်တစ်ရာမက.
*စိတ်မကောင်းပါဘူးKim Jong In!
ရှင့်မိန်းမမှာ Amnesiaဆိုတဲ့ ရောဂါအစတည်နေပြီ. သူ့ရဲ့ဦးနှောက်မှတ်ဥာဏ်တွေက လက်ရှိအချိန်ကို တစတစနဲ့မေ့လျော့လာပြီ*"ဟိုလေ ဒေါက်တာ သူနည်းနည်းလေးတောင် ကျနော့်ကိုမမှတ်မိနိုင်ဘူးလား"
*အခုမှ အစတည်တာဆိုတော့ တိုက်ဆိုင်တာပဲဖြစ်ဖြစ်ပေါ့နော် အဲ့လိုအနေအထားမျိုးမှာ သူမှတ်မိနိုင်ပါတယ်. ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ရှင့်ကိုသူလုံးဝ မေ့သွားမယ်ဆိုတာ သေချာမှုက 99%လောက်ဖြစ်နေတယ်*
မေ့သွားမယ်.
သူမပြောခဲ့တယ်လေ.
သေဆုံးသွားတာတောင် Sooသိပ်ချစ်တဲ့အစ်ကို့ကို မမေ့ဘူးလို့.
ဒါကဖြစ်သင့်လို့လား?
"baek::Jongin ရှင်အဆင်ပြေရဲ့လား"
ကျနော့်လက်မောင်းကို ဆုတ်ကိုင်ကာ အဆင်ပြေလားမေးလာသည့် ကျနော့်အချစ်ဦးရဲ့ မျက်နှာအား ငေးစိုက်ကြည့်ရင်း မျက်ဝန်းအိမ်က မျက်ရည်တွေ စီးဆင်းမလာဖို့ တားမြစ်ကာ မျက်ဝန်းအစုံကို မှိတ်ချ၍ ခေါင်းညိတ်ပြဖြစ်သည်။
"kai::ပြေပါတယ်Baek"
"baek::ရှင့်ကြည့်ရတာ ပင်ပန်းနေသလိုပဲ"
၅နှစ်တောင်ချစ်ခဲ့ကြသူတွေပဲ ဒီလောက်တော့ လိမ်လို့မရဘူးမဟုတ်လားဗျာ.
သည်တော့မှ ကျနော့်သက်ပြင်းကို ရှိုက်ဖိုချကာ ခပ်လေးလေးခေါင်းညိတ်ပြဖြစ်သည်။
"kai::တကယ်တော့ ကျနော်အဆင်မပြေဘူးBaek!
ကျနော့်စိတ်တွေ တအားမွန်းကြပ်နေတယ်!"