ဟမ္မူရာဘီကိုဓဥပဒေ(SS-2)

1.7K 221 30
                                    

                🍓အပိုင်း - ၂၇🍓

' Knock ~ Knock '

တံခါးခေါက်သံကြောင့် နိုးလာတဲ့ကျနော့်မျက်ဝန်းတွေက နေရောင်ကြောင့် ကျိန်းစက်မှုအပြည့်။

လက်ဝါးဖြင့်အကာကွယ်ယူကာ နေရောင်အားတားဆီးလိုက်ပြီး အိပ်ယာမှနိုးထ၍ တံခါးထဖွင့်လိုက်သည်။

လစ်လပ်သွားတဲ့ တံခါးချပ်ရဲ့နောက်ပါးက ရှုမငြီးတဲ့ချစ်ဇနီးရဲ့ မနက်လင်းစ သဘာဝအလှက ကဗျာဆရာညွှန်းဖွဲ့မမှီအောင် လှရက်လွန်းတယ်ဟု ကျနော်ပြောရင် ပိုရာရောက်အုန်းမည်။

baek - အောက်မှာဧည့်သည်ရောက်နေတယ်။ ရှင်နဲ့တွေ့ချင်လို့တဲ့။

pcy - ဧည့်သည်! ဘယ်သူပါလိမ့်!

တွေးဆဆရေရွတ်ရင်း ဆံပင်တွေကြား လက်ထိုးဖွကာ အောက်ထပ်သို့ ကျနော်ဆင်းလာခဲ့လိုက်သည်။

ညဝတ်အကျီင်္လည်းမလဲရသေးသလို မျက်နှာလည်းမသစ်ရသေးပါလေ။

minar - Long Time No See Chan!

ခပ်လွင်လွင်နှုတ်ဆက်မှုနှင့်အတူ ခါးနားဆီ ပွေ့ဖက်လိုက်သည့် Yoo Min Narအား တွန်းထုတ်ရန်ပြင်လိုက်ပေမဲ့ နောက်မှလှမ်းဝင်လာသည့် Baekကြောင့် ပြုံး၍ ကျနော်ပြန်လည်ပွေ့ဖက်လိုက်သည်။

pcy - ဧည့်သည်ဆိုလို့ ဘယ်သူများလဲလို့!

minar - ဘယ်လိုလဲ အခုလိုရုတ်တရက်ကြီးတွေ့လိုက်တော့ ပျော်သွားတယ် ဟုတ်!

pcy - ဟဟ ဒါပေါ့! ကဲ Min Narထိုင်အုန်း! ကိုယ်ရေချိုးလိုက်အုန်းမယ်!

minor - Ok!

pcy - Baekhyun! သူ့ကိုCoffeeတစ်ခွက်ဖျော်ပေးလိုက်ပါ!

baek - ဟုတ်ကဲ့!

ခေါင်းလေးညိတ်ကာ လှမ်းထွက်သွားသည့် သူမနောက်မှ လှမ်းထွက်ရင်း အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။

ရေချိုးပြင်ဆင်ကာ နက်ပြာရောင်ဆွယ်တာအား stylepanနဲ့တွဲဖက်ဝတ်ဆင်ပြီး အောက်ထပ်ဆင်းလာခဲ့တော့ သွက်လွန်းတဲ့ Min Norက Baekနဲ့စကားဖောင်ဖွဲ့နေသည်။

minor - မင်းကဒီအိမ်ကလား

baek - ဟုတ်ကဲ့

minor - Chanနဲ့က ဘယ်လိုပတ်သက်လဲ

ဟမ္မူ.ရာဘီကိုဓဥပဒေ(Season-2)Tempat cerita menjadi hidup. Temukan sekarang