• အပိုင်း - ၃၁ •
တစ်ဦးတစ်ယောက်တည်းသာရှိနေတဲ့ တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးရဲ့အတွင်း ငြိမ်သက်တဲ့အတွေးအပိုင်းအစတို့ရှိသည် ။
အေးစက်သည့် လေနုအေးတွေကို အံတုကာ သက်ပြင်းအခါခါ ချမိနေတဲ့ ကျနော် ။
ကျနော့်အတွေးတွေရဲ့အဆုံးသတ်က လွန်ခဲ့တဲ့ တစ်ပတ်ခန့်ဆီ………
ပိတ်ရက်မို့ မသုံးဖြစ်တော့တဲ့ပစ္စည်းတွေအား Baekနဲ့နှစ်ယောက်သား သိမ်းဆည်းရင်း မဝတ်ဖြစ်တော့တဲ့ အဝတ်အစားတွေပါ ရှင်းလင်းဖြစ်သည် ။
ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အကျီင်္တွေအား ရှင်းလင်းရင်း ကျနော်တစ်ချိန်က အနှစ်သက်ဆုံးဖြစ်တဲ့ Coatအကျီင်္လေးအား မြင်မိပြန်တော့ လွှင့်ဖယ်ပစ်ရမှာ နှမြောသလိုလို ။
' အမလေး ကြည့်ပြီးနှမြောမနေပါနဲ့ ။ '
' ဒီအကျီင်္လေးကို ကိုယ်သိပ်ကြိုက်တာBaek ။ ဒီအကျီင်္လေးက ညီမလေးက ကိုယ့်ကိုမွေးနေ့လက်ဆောင် ပေးထားတာလေ '
' ဒါပေမဲ့ ကိုရယ် ။ တော်မှမတော်တော့တာပဲ '
' အင်းပါ '
' ခဏလေးကို ။ အောက်မှာဟင်းအိုးတည်ထားတာ တစ်ချက်သွားကြည့်လိုက်အုန်းမယ် '
' အင်း '
Baekထွက်သွားသည်နှင့် မတော်တော့တဲ့ အကျီင်္လေးအား နှမြောစွာ ကြည့်ရှုရင်း ဇစ်ပိတ်ထားသည့် အိတ်ကပ်လေးတွေအား လိုက်နှိုက်ကြည့်ဖြစ်သည်။
တစ်ခုခုများ ကျနော်ထည့်ထားလိုထည့်ထားငြားပေါ့ ။
ကျနော့်အကျင့်တစ်ခုက အချို့သောပစ္စည်းတွေဆို အကျီင်္အိတ်ကပ်ထဲ ခေါက်ထည့်ပြီး မေ့သွားလေ့ရှိတတ်တယ်လေ ။
ညာဘက်အိတ်ကပ်ရဲ့ အတွင်းထဲသို့ လက်အားထည့်ကာ ထိုးနှိုက်ကြည့်ဖြစ်သည် ။
လက်ထဲသို့ပါလာသည့် စာရွက်ခေါက်လေး ။
ဘာပါလိမ့် ။
သိလိုစိတ်ဖြင့် ဟောင်းနွမ်းနေသည့် ထိုစာရွက်ခေါက်အား တစ်ထပ်ပြီးတစ်ထပ် ဖြန့်ဖြေကာ ကြည့်လိုက်တော့ မြောက်မြားစွာသော Englishစာလုံးတွေ ။