*အပိုင်း-၁၉*
ဆေးစစ်ချက်ခံယူအပြီး ညီမလေးကတော့ Phတစ်လုံးနဲ့အလုပ်ရှုပ်နေနေသော်ငြား ကျနော်ကတော့ ဆရာဝန်ထံပြောမယ့် အခြေအနေတစ်ရပ်ကို နားဆင်ရပေအုန်းမည်.
Denial - လူနာရောဂါကမျိုးရိုးရှိတာလား
pcy - ဟုတ်ကဲ့ဒေါက်တာ! ကျနော်တို့အမေမှာ အဲ့လိုမျိုးရှိပါတယ်! ညီမလေးကိုမွေးပြီး နှစ်အနည်းငယ်ကြာတော့ အခုညီမလေးဖြစ်သလို ဖြစ်သွားတာပါဒေါက်တာ! ဒါပေမဲ့ မေမေကတော့ ညီမလေးထက် ပိုဆိုးရွားတယ်လို့ပြောရမယ်! ဘာကိုမှမမှတ်မိတော့ဘူး! ပတ်ဝန်းကျင်ကပြောလည်း လက်မခံနိုင်ဘူး! နောက်ဆုံး သူ့ဟာသူတစ်ယောက်တည်း နေတာများလာပြီး Depressionဝင်လာတာဒေါက်တာ!
နောက်ဆုံး ကိုယ့်ကိုယ့်ကိုသတ်သေတဲ့အထိပေါ့ ဒေါက်တာ!Denial - အော် စိတ်မကောင်းစရာပဲ! ဒါပေမဲ့ ခင်ဗျားမစိုးရိမ်ပါနဲ့ ခေတ်တွေ စနစ်တွေက မတူညီတော့ဘူးလေ! ဒီခေတ်မှာက ကောင်းမွန်တဲ့ဆေးဝါးကုသမှုတွေ တိုးတက်နေပြီပဲ! ခင်ဗျားညီမလေး ပြန်ကောင်းလာမှာပါ! ဒါပေမဲ့ တစ်ခုတော့ရှိတယ်! သူကမှတ်ဥာဏ်တွေပျောက်သွားတယ်ဆိုပေမဲ့ သူရဲ့အချို့တဝက်သော အရာတွေကိုပဲ သူ့ဦးနှောက်က deleteလုပ်ပစ်လိုက်တာ! ဒါပေမဲ့ အဲ့ဒါတွေက လုံးလုံးလျားလျားတော့ ပျောက်သွားတာမဟုတ်ဘူး! အကြောင်းတိုက်ဆိုင်တဲ့အချိန် သူ့ဟာသူပြန်မှတ်မိလာလိမ့်မယ်!
pcy - ဟုတ်ကဲ့ဒေါက်တာ!
Denial - ဆေးလည်းပုံမှန်သောက်ခိုင်း ပြီးတော့ သူပျောက်ဆုံးသွားတဲ့အတိတ်နဲ့ ပတ်သတ်ပြီး သူမှတ်မိနိုင်လောက်မယ့် နေရာတွေကို ခေါ်သွားရင်တော့ ထင်တာထက်ပိုစောပြီး မှတ်ဥာဏ်ပြန်ရမှာပါ!
pcy - ဒါဆိုဒေါက်တာ! ညီမလေးက ကျနော့်မေမေဖြစ်သလို Depressionဝင်လာနိုင်လား?
Denial - ဒါကတော့ သူ့စိတ်အခြေအနေနဲ့ မိသားစုရဲ့စောင့်ရှောက်မှုပေါ်မှာပဲ မူတည်တယ်! ဥပမာ သူဘာဖြစ်ချင်လဲ အတွက်စိတ်ညစ်နေသလဲ ဆိုတာကို ဂရုစိုက်ပြီး နွေးထွေးကြင်နာပေးရင် Depressionဝင်ဖို့ %နည်းပါတယ်!
pcy - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဒေါက်တာ!
ဒါဆို ကျနော့်ကိုခွင့်ပြုပါအုန်း!