"အပိုင်း-4"
မျက်စိရှေ့မှာ မြင်နေရတဲ့မြင်ကွင်းက ရင်အစုံကို မသက်သာ။
သူမသိပ်ချစ်ရတဲ့အစ်ကိုက အခြားသူတစ်ယောက်နဲ့ ပြီးတော့ Suzanဆိုတဲ့ကလေးလေးနဲ့.
အစ်ကိုကလေးသိပ်လိုချင်မှန်း သိပေမယ့် အဲ့လောက်အထိ အစ်ကိုအရွဲ့တိုက်မယ်လို့တော့ သူမမတွေးခဲ့ဖူးပါ.
ထိုကလေးမလက်ကိုကိုင်ပြီး Birthday Cakeကိုပြုံးရွှင်စွာ ခွဲပေးနေတဲ့အစ်ကိုက သူမနာကျင်လေမလား တစ်ခုတောင် မတွေးမိဘူးတဲ့လား?
Sooနာကျင်ရပါတယ်အစ်ကို!
အစ်ကို့ကြောင့် Sooသိပ်ကိုနာကျင်ရပါတယ်။
အတွေးနဲ့အတူ ဝေ့တတ်လာတဲ့ မျက်ရည်တို့အား မျက်တောင်ဖြင့်ပုတ်ခတ်သိမ်းဆည်းနေစဉ်…
fredo~ဟေ့ မြောက်ကျွန်းသူ ဘာလို့ငိုနေတာတုန်း
soo~မငိုပါဘူး မျက်လုံးထဲဖုန်ဝင်သွားလို့
fredo~ဖုန်ဝင်သွားတယ်တယ် ပြစမ်း ငါမှုတ်ပေးမယ်
soo~ရတယ်Fredo! ငါအဆင်ပြေပါတယ်
မင်းဘယ်လိုတောင် မျက်နှာပြောင်တိုက် အရှက်မဲ့လွန်းတာလဲ Kyungsoo!
မင်းယောက်ျား ငါတစ်ယောက်လုံး မင်းရှေ့မှာရှိနေတာတောင် အခြားယောက်ျားတစ်ယောက်နဲ့ ပလူးပလဲနေတဲ့အထိ မင်းမျက်နှာပြောင်တိုက်ဖို့တော့ မကောင်းပါဘူး.
ဒေါသစိတ်နဲ့ သဝန်တိုမှုတို့ ရောပြွန်းကာ သူတောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်ပြီး Kyungsooရှိတဲ့ စားပွဲဝိုင်းဆီသို့ လျှောက်ခဲ့သည်။
ခပ်စောင်းစောင်းထိုင်နေတဲ့ Kyungsooလက်ကောက်ဝတ်အား ခပ်တင်းတင်းဆုတ်ကိုင်လိုက်တော့ သူမမော့ကြည့်သည်။
kai~မင်းနဲ့ငါ စာရင်းရှင်းစရာရှိတယ်Kyungsoo!
အံကိုတင်းတင်းကြိတ်ကာ ပြောပြီးဆွဲခေါ်သွားတဲ့ အစ်ကိုနောက် သူမအရုပ်ကလေးလို တရွတ်တိုက်ပါလာခဲ့တယ်.
ဆူပုတ်နေတဲ့မျက်နှာပေးနဲ့ ကားမောင်းနေတဲ့ လမ်းတစ်လျှောက် ဘာစကားတစ်ခွန်းမှမဆို။