အပိုင်း-၂၃
pcy - ဘာ ဘာပြောလိုက်တယ် Kyungsoo!
အသေအချာကြားလိုက်ရပါသော စကားသံအား ကျနော်မယုံကြည်စွာ ထပ်တလဲလဲမေးမိနေခြင်းသာ။
soo - ဟုတ်တယ် ကိုကို! ညီမလေး သူနဲ့ပြန်ပေါင်းမလို့
pcy - နင်ရူးနေလားKyungsoo!
ဒေါသတို့နှင့် ထုနှက်လိုက်သည့် စားပွဲခုံဟာ တုန်ဟီးလျက်။
ချစ်ညီမငယ်ကတော့ ဂရုမစိုက်သလိုပင် ကော်ဖီသောက်မပျက်။
အဲ့အနေအထား ကျနော့်ဒေါသကို ပို၍ယမ်းပုံမီးကျ တိုးလို့ လောင်ကျွမ်းစေသည်။
pcy - နင်ကငါ့ကိုဂရုမစိုက်လည်းရတယ် အဲ့သဘောလားKyungsoo!
soo - ထင်ချင်သလိုထင်ကိုကို! Sooဘာကြောင့် သူ့နားကိုပြန်သွားချင်သလဲဆိုတာ Sooကိုယ်တိုင်ပဲသိတယ်!
pcy - ငါသိတယ်Kyungsoo! ငါဘယ်လိုတားတား နင်သူ့ကိုအချစ်မပျက်ဘူးဆိုတာ! ဒီလိုမှန်းသိရင် accidentဖြစ်ကတည်းက သေပါစေဆိုပြီး ပစ်ထားလိုက်ရမှာ!
soo - ဘာရယ် ကိုကို! ဘာဖြစ်တယ်
pcy - ဘာမှမဟုတ်ဘူး! ငါမေးမယ် နင်ဖြေKyungsoo! နင်သေချာပြီလား! နင့်ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးပေါ့!
soo - သေချာတယ်ကိုကို!
pcy - ကောင်းပြီလေ! ဒါနင်ရွေးတဲ့လမ်း ကောင်းကောင်းဆိုးဆိုး နင့်ဘာသာဆက်လျှောက် Kyungsoo! ဒီနေ့ကစပြီး နင်နဲ့ငါ ပတ်သတ်စရာ ဘာအကြောင်းမှ မရှိတော့ဘူး! နင်ကငါ့ညီမလေး မဟုတ်တော့သလို ငါကလည်း နင့်အစ်ကို မဟုတ်တော့ဘူး
တိမ်ဝင်သွားတဲ့အသံလုံးတို့အား ယိုင်နဲ့မသွားအောင် ထိန်းကာပြောလိုက်ပေမဲ့ ဝေ့တက်လာတဲ့ မျက်ရည်တို့ကိုတော့ ကျနော်မထိန်းချူပ်နိုင်။
ညီမလေးအား ကျောခိုင်းကာရပ်ရင်း လိမ့်ဆင်းလာသည့်မျက်ရည်တို့အား လက်ခုံဖြင့် ဖိသုတ်ပစ်လိုက်သည်။
မငိုနဲ့ Park Chan Yeol!
အချိန်တန် မင်းရင်ကိုစုံကန်ပြီး အကုန်ထွက်သွားမှာပဲ။
မငိုစမ်းနဲ့………။
*****
joh - သားလက်မခံဘူးမာမီ!