တီ~~~~~~~
မနက်ခင်း alarm clockကအသံကြောင့် kyungsooတစ်ယောက် ခေါင်းအုံးကို နားနဲ့ပိတ်ပီး အသံပျောက်လိုပျောက်ငြား ကြိုးစားလိုက်သည်..
တီ~~~~~~~~
" ကျစ်"
" kyungsooထတော့လေ..ကျောင်းမသွားဘူးလား.."
" ဟူး..."
" kyungsoo!!!"
" ထပီ ommaရေ.."
သူ့အမေအသံကို ဖုန်းအောင် kyungsooတစ်ယောက် ဖင်ကုန်းပီးပြန်အော်လိုက်သည်..မထလို့လည်း မရတော့တဲ့အခြေအနေမို့ လေးပင်နေတဲ့ မျက်လုံးတွေကို မနည်းအားယူကာ ခြေလှမ်းတွေကို ရေချိုးခန်းထဲ ဦးတည်လိုက်သည်..
" မြန်မြန်လာစား...အရှေ့မှာ ဦးလေးကြီးစောင့်နေတယ်..စားပီး ကျောင်းသွားတော့..ကြည့်ဦး..နက်ကတိုင်ကလည်း စောင်းရွဲ့နေတာပဲ..မင့်ကိုယ်မင်း သူဌေးသားဆိုတာလည်း သတိရဦး..အမြဲ နေပုံထိုင်ပုံတွေက ကလေကချေလိုပဲ.."
ပြောလည်းပြော..လက်က လည်းပင်းနားက နက်ကတိုင်ကို ပြန်ပြုပြင်ပေးနေလေပီ..
ဒါ မနက်ခင်း omaရဲ့ ကျက်သရေအသံလေးတွေ..နားထောင်ရပါများတော့လည်း ရင်ထဲကိုမတိုးတော့တာ..ပထမဆုံး ဒီလိုစကားတွေကြားတုန်းက စိတ်တွေရှုပ်ရတယ်ဆိုပေမယ့် နောက်ပိုင်းတော့ ဒီဘက်နားကဝင်ပီး ဟိုဘက်နားက ပြန်ထွက်သွားစေသည်..appaမရှိတော့ရ်ျ appaလုပ်ငန်းတွေကို ommaတစ်ယောက်ထဲ ဦးစီးကာ ကျွန်တော့ရဲ့ ဝေယျာဝစ္စတွေကိုလည်း လုပ်ပေးရသူမို့ kyungsooစိတ်ရှုပ်တယ်ဆိုပေမယ့် သည်းခံနိုင်ပါသည်..တစ်ခုထည်း...သူဌေးသားမို့လို့ သူရဲ့နေပုံထိုင်ပုံတွေကအစ အပေါင်းအသင်းတွေအဆုံး အဆင့်အတန်းရှိရမယ်လို့ မှတ်ယူထားတဲ့ ommaရဲ့ တစ်ယူသန်ကိုတော့ တစ်စက်ကလေးမှပင်မကြိုက်.." kyungsoo..ommaပြောတာ နားလည်တယ်နော်..ကျောင်းမှာ ဘေးနားကထိုင်တဲ့ လူတွေကို ကိုယ့်အဆင့်နဲ့တူတယ်ထင်မှ ပေါင်းနော်.."
" ကျွန်တော် ကလေးမဟုတ်တော့ဘူး.."
" ဟုတ်ပါပီ...ommaရဲ့သားလေးကို ommaက မျက်လုံးထဲ ကလေးလို့ပဲမြင်နေလို့ပါ..ကဲ..စားပီး သွားတော့..ommaလည်း ပြင်ဆင်ပီး ကုမ္ပဏီသွားတော့မယ်.."
