ဖန်ပုလင်း......မင်းဆက်ဝေ
#၁
ဂျစ်ပစီမှာလေးရေ......
မင်းဟာ လျိုဝှတ်ချက်တွေနဲ့ ပြည့်နေတဲ့ အနတ်ရောင်နှင်းဆီတစ်ပွင့်ပေါ့ ကွယ်။
ငါကတော့ အမှောင်ထဲက အလင်းပါ။
မင်းနဲ့ထိတွေ့ခဲ့တာ ပိန်းပိတ်အောင် မှောင်သတဲ့။
မင်းက အမှောင် ထဲကနေ အမှောင်ကို
ပြန်လျှောတ်နေခဲ့တယ်။ငါက ရင်ထဲက အသံတွေနဲ့ မင်းကို အဖော်ပြုပေးခဲ့တယ်။
မင်း ခရီးလမ်းတစ်လျှောတ် အန္တရာယ်ကင်း၊
ဘေးကင်းပါစေကွယ်။ဂျစ်ပစီမလေးရေ......
မင်းလက်ထဲမှာ ကိုင်စွဲထားတဲ့ ဖန်ပုလင်းလေးက သိပ်လှတာပါပဲလားကွယ်။မင်းအဲဒါကို ဘယ်လိုများ ရရှိခဲ့သလဲ။ ဖန်ပုလင်းထဲမှာ ရေထည့်ခဲ့ပြီး ထုတ်ထုတ်သောက်တတ်တာကို ငါမြင်ရပါတယ် ။
အေးပေါ့၊
ကန္တကို ဖြတ်ကျော်နေရတဲ့မင်းဟာ မောပန်းလှရောပေါ့ ။ရေဗူးလေးကတော့ မင်းအမောပြေအောင်ဆိုပြီး မင်းခေါ်ဆောင်ရာနောက် တစ်ကောက်ကောက်ကို လိုက်တော့တာပဲနော်။
အေးကွယ်.......ကောင်းပါတယ်။ဒါပေမယ့်မင်းဟာ တန်ဖိုးကို တန်ဖိုးမှန်းမသိသူလို့ ရေဗူးလေးက ပြောရှာတယ်။
မင်းဆီမှာ ဟန်ဆောင်စကားလုံတွေက ရင်ထဲပြည့်ကျပ်ပြီး မို့မောက်ထွက်နေတယ်။မင်းရဲ ဆိုးပေခြင်းတွေထဲမှာ အရေခွံတွေ ခဏခဏ ကွာကျရပါတယ်ကွယ်။
မင်း ရီဝေမူးနေတဲ့ ညတွေမှာ စကားကြမ်းကြမ်းတွေနဲ့ လျော့ရဲရဲ စိတ်တွေ အကုန်ကွာကျတယ်။
ကြည့်မကောင်းဘူး ဂျစ်ပစီမလေးရယ်။
မင်းရဲ့ မိုးတိမ်တွေ မည်းလွန်းတယ်။
ဂျစ်ပစီမလေးရေ.....
နေတွေအရမ်းပူလာပြီ။ မင်း သစ်ပင်အရိပ်လေး ၊ ဘာလေး ရှာပါဦးကွယ်။ ကန္တထဲမှာ ကောင်းမွန်သော သစ်ပင် မရှိဘူး ဆိုပေမယ့် မင်း မရမကတော့ ရှာနေသင့်တယ်။ ဒါပေမယ့် မင်းမလုပ်နိုင်ခဲ့ဘူး။
YOU ARE READING
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Short Storyကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။