မှန်တစ်ချပ်ရဲ့ ရာဇဝင်​(၃)

15 2 0
                                    

မှန်တစ်ချပ်ရဲ့ ရာဇဝင်​(၃)
(၃)
ငါ စိတ်ခြောက်ခြားလို့ကောင်းနေတုန်းမှာ ငါ့သူငယ်ချင်းက အခန်းတံခါးကို "ဝုန်း"ကနဲ ကန်ဖွင့်ပြီး ဝင်လာခဲ့တယ်။
"ငါရဲ့ အစစ်အမှန်ကဘာလဲ၊ မင်းပြောစမ်း။"
"ငါ့ဘဝက ၊ ဘယ်ကြားထဲမှာ ညှပ်နေတဲ့ ဓားတစ်လက်လဲ။"
"ငါဟာ ဘာကောင်လဲ။"
"ငါ့ဘဝကို အခုလိုမျိုး ၊ ဘယ်သူတွေက ဖြစ်စေခဲ့တာလဲ။"
"ပြောစမ်း၊ ငါ့ကို ပြောစမ်း။"
သူအသံတွေက တစ္ဆေတစ်ကောင်လို အက်ကွဲနေတယ်။ သူမေးခွန်းတွေက ချွန်မြတဲ့မြှားတွေလို ငါ့ရင်ကို ထုတ်ချင်းဖောက်ဝင်တယ်။ သူ ဘာတွေအလိုမကျဖြစ်နေတာလဲ။
သူဟာ ငါနဲ့တွေ့တိုင်း သူရဲ့ ဘဝ အစစ်အမှန်ကို တောင်းနေလေ့ရှိတယ်​။တကယ်တော့
သူရဲ့ဘဝအစစ်အမှန်ဆိုတာကြီးကို ငါမှမသိတာပဲ။ ငါ့ရဲ့ ဦးနှောက်သေးသေးလေးနဲ့ ငါစဉ်းစားတယ်။ အခု ဒီနေရာမှာ သူရှိနေတာဟာ အစစ်အမှန်ပဲလေ။ ငါလဲ ဒီနေရာမှာ ရှိနေတာ အစစ်အမှန်ပဲဟာ။ ဒီ ဖြစ်တည်ခြင်းဟာ အစစ်အမှန်မဟုတ်ရင် အစစ်အမှန်ဆိုတာ ဘာကြီးလဲ။
ငါသိတာ တစ်ခုပဲရှိပါတယ်​။
အဲဒါက ငါဟာ
"မှန်​" တစ်ချပ်ဖြစ်တယ်ဆိုတာပါပဲ။ ဘယ်လို မှန်တစ်ချပ်လဲ။
လူတွေကို ဘာမှအကူအညီမပေးနိုင်တဲ့ မှန်တစ်ချပ်ပါ။
ဘာမှ ပြောရေးဆိုခွင့် မရှိတဲ့ မှန်တစ်ချပ်ပါ။
အနာဂတ် ပါးပါးလေးနဲ့ မှန်တစ်ချပ်ပါ။
အဲဒီမှန်တစ်ချပ်ထဲမှာ ငါ့နိမိတ်တွေ ငါပြန်တွေ့နေရတာ အရမ်း စိတ်ရှုပ်ဖို့ကောင်းတယ်ကွယ်။

မှန်တစ်ချပ်ရဲ့ ရာဇ၀င်​Où les histoires vivent. Découvrez maintenant