ဖန်ပုလင်း(၄)

20 2 0
                                    


ဖန်ပုလင်း(၄)
(၄)
ဂျစ်ပစီမလေးရေ........။
မင်းပေးတဲ့ ပျော်ရွှင်ခြင်းတွေဟာ အစစ်အမှန်ဖြစ်ပါစေလို့၊ ငါ တိတ်တိတ်လေး ကြိတ်ဆုတောင်းခဲ့တယ်။ ကြယ်ကြွေချိန်မဟုတ်ပါဘူး။ အလွမ်းတွေ ဝေချိန်မှာပါ။ ဒီတစ်ခါ မင်းထွက်မပြေး ပါနဲ့တော့။ အခုတော့ ပျောက်ဆုံးသွားတဲ့ ပုလင်းလေးကိုမင်း ပြန်ရှာဖွေပါကွယ်။ ဒီပုလင်းလေးထဲမှာ ဘဝတွေအများကြီးရှိခဲ့တယ်။ ဒါကို မင်းသိအောင် ငါဆက်ပြောပြပါ့မယ်။

ဂျစ်ပစီမလေးရေ...။
အရာအားလုံးက ငါ့ အပြစ်တွေချည်းပါ။ ငါ့အပေါ် အပြစ်များစွာ မြင်ခဲ့တဲ့ မင်းအတွက်တော့ ငါဟာ ဆက်ပြီး အပြစ်တွေနဲ့ ရှင်သန်နေရဦးမှာတော့ အမှန်ပါပဲ။ ဒါပေမယ့် မင်းယူသွားခဲ့တဲ့ ပုလင်းလေးအကြောင်း မင်းမှာ ကောင်းစွာ မသိခဲ့ ပဲကွယ်။ အဲဒီ ပုလင်းလေးဟာ ပိုးစုန်းကြူးမလေးရဲ့ ကမ္ဘာဖြစ်တယ်။ အဲဒီပုလင်းလေးထဲကနေတစ်ဆင့်
သူမဟာ ငါ့အပေါ်တစ်နေ့တစ်ခြား ပိုပို သံယောဇဉ်တွယ်လာခဲ့တယ်။ ငါထားတဲ့ ငါ့ကမ္ဘာလေးထဲကနေ သူထွက်ပြေးဖို့ မကြိုးစားခဲ့ဘူး။ ငါ အကျဉ်းချထားတဲ့ ဖန်ပုလင်းထဲမှာ မျတ်လှည့်ပြသလိုမျိုး သူ့ဘဝကို သူပြန်တည်ဆောက်ပြသွားတယ်။ ဘဝတွေက...
၁။ oct 16,2012၊ Tue
၂။ Oct 19,2013၊Sat

ဂျစ်ပစီမလေးရေ.......။
မင်းဟာ တစ်ခါတစ်လေတော့ မိုက်ရူးရဲဆန်တယ်။ ပြီးတော့ လူတစ်ဖတ်သားရဲ့စိတ်ကို မသိ ကျိုးကျွံပြုပြီး မင်းစိတ်ကို ဦးစားပေးလာစေဖို့ အတွက် မင်း အားထုတ်ခဲ့တယ်။ တကယ်တော့ မင်းဟာလည်း မိန်းမတွေထဲက မိန်းမတစ်ယောက်ဆိုတာကို ငါ မေ့လျော့ခဲ့မိတယ်။ ပိုးစုန်ကြူးမလေးဟာ ငါ့ကို အရမ်းသဝန်တိုခဲ့တာပါ။ သူ ငါ့ကိုအရမ်းချစ်ခဲ့ရှာတာ နေ့ရက်တွေက သက်သေပဲလေ။ ဒါပေမယ့် ပိုးစုန်းကြူးမလေးနဲ့ ငါနဲ့ကြားမှာလည်း ကတောက်ကဆနေ့တွေ ရှိတာအမှန်ပါ။ အဲဒီလို နေမျိုးမှာ သူဟာ ဖန်ပုလင်းထဲကနေ အပြင်ထွက်ထွက်သွားတတ်တယ်။ အဲဒီအခွင့်အရေးကို မင်းအသုံးချနိုင်ခဲ့တာပါပဲ ဂျစ်ပစီမလေးရေ...။ ဒါပေမယ့် ပိုစုန်းကြူးမလေး ပြန်ရောက်လာချိန်မှာတော့ သူကမ္ဘာလေးဟာ ပျောက်ဆုံးသွားခဲ့ပြီ မဟုတ်လားကွယ်။ ပိုးစုန်း ကြူးမလေးဟာ နှမြောတမ်းတနေရုံပဲပေါ့။

ဂျစ်ပစီမလေးရေ........။
အခု ဖန်ပုလင်းလေးကို မင်းဘယ်လိုမှ ရှာမတွေ့နိုင်တော့ဘူးမှတ်လား။ စိတ်လျော့လိုက်ပြီပေါ့နော်။ အင်းပေါ့ မင်းအတွက်က နောက်တစ်နေရာမှာ နောက်ထပ် ဖန်ပုလင်းတစ်လုံး ရှာတွေ့နိုင်သေးတာကို။ ဒါပေမယ့် မင်းမေ့လျောထားခဲ့တဲ့ ဖန်ပုလင်းလေးကတော့ ကန္တရအောက် နစ်မြှပ်သွားရပြီ။ မင်းနဲ့ မထိုက်တန်လို့လည်း မဟုတ်ပါဘူး။ ဖြစ်ချိန်တန်လို့ဖြစ်ခဲ့တာပါ။ ပိုးစုန်ကြူးမလေးကတော့ ခုထိ သူ့ဖန်ပုလင်းလေးကို သူလိုက်ရှာနေဦးမှာ။ သူ့အဖို့ကလည်း သူ့နဲ့မထိုက်တန်လို့ မဟုတ်ပါဘူး။ ဖြစ်ချိန်တန်လို့ဖြစ်သွားရတာပါ။ ဘာဖြစ်ဖြစ်
ဘဝမှာ ဒီထက်အရေးကြီးတာတွေ ရှိကောင်းရှိဦးမှာပါ။ မင်း ရှာဖွေတွေ့ရှိပါစေတော့။ မင်းထသွားချိန်မှာတော့ မင်းအနီးမှာ နစ်မြှပ်နေတဲ့ ဖန်ပုလင်းလေးဟာ မျတ်ရည်ဝိုင်းနေမယ် ဆိုတာ မင်းမသိရှိနိုင်တော့တာတော့ အမှန်ပေါ့ ဂျစ်ပစီမလေးရယ်။ ဖန်ပုလင်းရဲ့ အတွေးတွေ ခြောက်ကပ်ပြီး ကန္တဆန်သွားတော့တယ်။  ဘာဖြစ်ဖြစ် ဖန်ပုလင်းလေးထဲမှာ ဘဝတွေရှိခဲ့တယ်ကွယ်။
Sep23.2017
Minsetwai

မှန်တစ်ချပ်ရဲ့ ရာဇ၀င်​Opowieści tętniące życiem. Odkryj je teraz