ငါ့ပြတင်းပေါ်မှာ သစ်ရွက်ခြောက်တွေ ကြွေတဲ့ကာလ-(၂)
(၂)
တစ်ခါ တစ်ခါ ချောင်းကြည့်မိတယ်။ နေထိပန်းလေ ခံပြင်းနေပုံက ငါ့ထက်ကို ဝေဒနာ ပြင်းပြနေတယ်။ သူ့မှာ ကလဲ့စားတွေ၊ အငြိုးအတေးတွေ သိပ်များနေတယ်။ ပြီးတော့ သူ လောကရဲ့တစ်ဖတ်စွန်းကို လမ်းလျှောတ်သွားနေတယ်။ နယ်မကျွံခင်တော့ မင်းပြန်ခဲ့ပါ သစ်ရွက်ခြောက်လေးရယ်။သူဟာ ကျွန်တော်ပြတင်းမှာ နောက်ဆုံးတင်ကျန်ခဲ့တဲ့ သစ်ရွက်ခြောက်ကလေးပါ။
ဘယ်ဘဝတွေ ဘယ်လောက်ဆိုးဦးမလဲ။ အသက်ထက်ကို ပိုယုယပေးပါ့မယ်။ ဒါပေမယ့် ငါလာရင် မုန်တိုင်းပါတယ်။ စကားတွေဟာ အေးစက်စက်။ သူ ငါ့ကို အရမ်းချစ်ပါသတဲ့။ ဒါပေမယ့် ငါ့မှာ ချမ်း လွန်းလို့ခိုက်ခိုက်တုန်နေတာက အေးစက်စက်ဂရုစိုက်မူတွေကြောင့်ပါ။
အဲဒါထက် ပိုဂရုစိုက်ရမှာက အဆိပ် တွေ မပျံနှံသွားဖို့ပါ ။ ဒီနေ့မှာ ကြေညာချက်တစ်ချို့ ငါ့အတွက်ရှိခဲ့မှန်း ငါလည်း သတိမထားမိ။ မင်းလည်း သတိမထားမိ။ အဲဒီအထိတော့ အဆင်ပြေနေသေးတာပဲ။ လမ်းရွေးချယ်ဖို့လား။ ငါ့ဖိနပ်တွေ ပါးလျလျလေးပါ။အေးကွယ်..ငါလိုလူအတွက်ကလည်း ကဗျာတစ်ပုဒ်နဲ့ သေချင်စော် နံနေတဲ့ကောင် မှတ်လား။
ဘဝရထားတိုင်းမှာ ဘူတာမဲ့ခဲ့တဲ့ကောင် မှတ်လား။ ဘယ်မှာလဲ အလံစိုက်ဖို့မြေ။ မြေဆီလွှာတွေ ခမ်းနေတုန်းပဲတဲ့။ ကောင်းပါတယ် ။ ဟန်ထူးလွင်ဆိုသလို မေ့ပစ်လိုက် ဒါတွေအကုန် မနေ့ကဖြစ်သည်။ ဒီနေ့ကျ ပျက်သည်။ လောကကြီးပေါ့လေ။ သီချင်းအဆုံးမှာ ငါ့ နှလုံး ခုန်သံတွေ ရပ်သွားမှာတောင် ငါသိပ်စိုးရိမ်မိသွားတယ်။
မင်းပေးထားတဲ့ ဒဏ်ရာများနဲ့အတူ
အနာစပ်နားမှာ ပိုးတွေ ထကြွသောင်းကျန်နေကြတယ်။ ယားယံခြင်းဟာ နှလုံးသားတစ်ခုလုံးကို ကုက်ဖဲ့ဆွဲဖြဲ နေလေရဲ့။ နေထိပန်းလေးရယ် မင်းပေးတဲ့အဆိပ်ကို ငါ့ခုံမင်မြတ်နိုးသလိုမျိုး ငါမုန်တိုင်းတို့ကို မင်း တံခါးဖွင့် ကြိုဆိုပေးခဲ့ရင် သိပ်ကောင်းမှာ။ ဒါနဲ့ ဟိုသကောင့်သားက သဘောကျပါ့မလား။ သူစိုက်ထားတဲ့ စိုက်ခင်းထဲမှာ မင်းဟာ အဖိုးကြီးတဲ့ ရတနာတဲ့လား။ ငါဟာ လာလမ်းမှာ ပေကပ်ကပ်နဲ့ ရပ်ငေးနေရတုန်းပါကွယ်။ တကယ်တော့ မငးဟာ နေထိပန်းဆိုတာထက် ငါ့ပြတင်းပေါ်မှာ ရှားရှားပါးပါးလာတင်တဲ့ သစ်ရွက်ခြောက်ကလေးဆိုတာက ပိုမှန်နေပါတော့တယ်။ငိုတယ်။ မျတ်ရည်တွေ မင်းအပေါ် ကြွေမှာစိုးတယ်။ အဲလိုနဲ့ ငါ့ပြတင်းတံခါးက ငါ့ကို ပြန်ဖွင့်ကြည့်တယ်။ ကူကယ်ရာမဲ့တဲ့ စကားလုံးတွေနဲ့ နံရံမှာ ပုန်းခိုအောင်းခဲ့တယ်။ မင်းတောင်မှ ရှာမတွေ့ခဲ့တဲ့ အပ်တစ်ချောင်းဟာ အဲဒီ ဘိလပ်မြေကြားမှာ လူပါးဝနေပါလိမ့်မယ်။ ဒါပေမယ့် ဒီအပ်က မင်းသုံးဖို့ပါပဲ။ အသုံးလိုတိုင်း မင်း ရှာဖွေတူးဖော်နိုင်ပါတယ် သစ်ရွက်ခြောက်ကလေးရယ်။
မြေဇာပင်တွေ ငါတို့ကြားမှာ ပေါ်က်နေခဲ့ပြီလား။ ငါကို သံသယ မကင်းတဲ့ မျတ်လုံးတွေနဲ့လည်း ကြည့်ကုန်ပြီ။ ပေါ်က်ပင် ဘာကြောင့် ကိုင်းရလဲ။ ငါဟာ ကိုင်းညွတ်ရခြင်းတွေရဲ့ တရားခံ။ အခု မုန်တိုင်း တစ်စင်းနဲ့ ငါ ဝရမ်းပြေးနေတယ်။ ကျေးဇူးပြုပြီး မင်း ငါ့ကို ဖမ်းဆီး ထောင်ချပါတော့ကွယ်။ သန့်ရှင်းတဲ့ ဆပ်ပြာတစ်တုံးနဲ့ပေါ့။ ရေနွေးတို့ ကျိုစပ်ပြီး ရေချိုးခြင်းအမူတို့နဲ့ပေါ့။ အဲဒီမှာ ငါတို့ သိပ်သာယာမှာပါကွယ်။ တိမ်တိုက်မည်းတွေ ကင်းစင်ခဲ့မယ်ဆိုရင်ပေါ့။ အခုတော့ မင်းနှလုံးသားက စက်တပ်ထားတဲ့ညတွေဆိုမှ ငါ့မှာ ပြတင်းပေါ်က်ကို လှမ်းလှမ်းကြည့်ရတာ ရင်နာရပါ
တယ် သစ်ရွက်ခြောက်ရယ်။
ESTÁS LEYENDO
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Historia Cortaကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။