မှန်တစ်ချပ်ရဲ့ ရာဇဝင်(၄)
(၄)
ဖြစ်ချင်တာတစ်ခုကို ဇွတ်အတင်းတောင်းဆိုတတ်တာ လူတွေအကျင့်လား။ ငါ့အနေနဲ့က လူတွေမကောင်းကြောင်းလည်း မပြောချင်ခဲ့ပါဘူး။ ငါကမှန်တစ်ချပ်မို့လား။ ငါ့သူငယ်ချင်းတောင် ငါ့အပေါ် ကောင်းခဲ့တာ မဟုတ်ပါဘူး။ တစ်ခါမှ ငါ့ကို ဆေးကြောသုတ်သင်ခြင်း မလုပ်ခဲ့ဘူး။ ဒါနဲ့ ငါ့စကားတစ်ခွန်း သွားအမှတ်ရမိတယ်။
"အဝတ်ကြိုးတန်းလို
လာလာလှမ်းသူတွေသာ ခြောက်သွားကြ
ငါ့ကိုတော့ လျှော်ဖွပ်ဖော်မရပါလားကွယ်။"
(မင်းခိုက်စိုးစန်၏သူနှင့်နေဆယ်စင်းမှ)
တကယ်တော့ ငါ့အဖြစ်ကလည်း အဝတ်ကြိုးတန်းနဲ့ မထူးပါဘူး။ တစ်ခုရှိတာက မကျေနပ်ရင် ငါ့က အရိုက်ခွဲခံရနိုတယ်။ အခုလည်းကြည့် ငါ့သူငယ်ချင်းက
ငါ့ကို အော်ဟစ်ကြိမ်းမောင်းပြီး အပြင်ထွက်သွားတယ်။
သူ အပြင်ထွက်သွားပေမယ့်
သူ အော်ဟစ်ခဲ့တဲ့အသံဟာ ကြောက်စရာကောင်းလောက်အောင်
ငါ့အခန်းကျဉ်းလေးထဲမှာ ပဲ့တင်ထပ်ပြီး
ဆူညံပွက်လော ရိုက်သွားခဲ့တယ်။ သူ့အသံကြောင့် မျတ်နှာကျက်က အိမ်မြှောင်တစ်ကောင်တောင် ပြုတ်ကျလာသေးတယ်။
အဲဒီအသံက
"မင်းဘဝကိုလည်း အစိတ်စိတ်အမွှာမွှာ လုပ်ပစ်မယ်" တဲ့..။
ငါ့ရင်ထဲမှာ အေးစက်စက်ကြီးခံစားရတယ်..။
ငါ့ခေါ်င်းထဲမှာလည်း လေးလေးလံလံကြီး ခံစားရတယ်။ ငါ့အိပ်မက်ထဲကလို ငါ့ကို တစ်စစီလုပ်ဖို့ သူ စိတ်ကူးရှိနေခဲ့တာလား။ ငါ့မှာ ဘာအပြစ်များရှိနေခဲ့လိုလဲ။ သူကကော ငါကိုဘာကြောင့် အဲလောက်စိတ်ဆိုးနေရတာလဲ။
ငါ့ ရင်ထဲမှာ ဗုံးတစ်လုံးကျကွဲသွားသလိုပါပဲ။
နောက် ၁၅ မီနစ်အကြာမှာတော့ ငါ့သူငယ်ချင်းဟာ ငါ့အခန်းထဲကို
တုတ်တစ်ချောင်းနဲ့ ဝင်လာပါတော့တယ်။ ဘုရားရေ...ဒါအိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ ဒုတ်ပါပဲလား။
ငါ့ဘဝတော့ ဒီနေ့ အဆုံးသတ်ပြီ ထင်ပါရဲ့။ သူ မျတ်လုံးတွေ ကျိန်းတယ်။
YOU ARE READING
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Short Storyကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။