စနစ်မရှိသောဝါကျများ(၁)
(၁)
ငါ့အတွတ်တော့ အတိတ်နေ့ရက်တွေဟာ
ဖျောက်ဖျတ်မရတဲ့ အမာရွတ်ဒဏ်ရာတွေပါ။ အဲဒီဒဏ်ရာတွေကို စိတ်ရှိလက်ရှိ ငါဆေးကြော် သုတ်သင်ခဲ့ဖူးတယ်။
အကြောင်းအရာ(၁)
နင့်ကို ငါယူလို့ကတော့ ငါ့မှာ ထမိန်တောင်ကျန်မှာ မဟုတ်ဘူး။
အကြောင်းအရာ(၂)
နင့်မှာ အလုပ်မရှိရင် ဘယ်မိန်းမက ယူရမှာလဲ။
အကြောင်းအရာ(၃)
မင်း အဲဒီမိန်းမကို ယူမယ်ဆိုရင် မင်းဘဝအတွက် ငါတို့ဘာမှ တာဝန်ယူတော့မှာ မဟုတ်ဘူး။
အဲဒီအတိတ်ထဲမှာ လူတစ်ချို့ဟာ ကျောရိုးဆစ်တွေလို ပြုတ်ထွက်သွားကျတယ်။
ငါတို့ မိသားစုထဲက
ငါ့အဖေ ထွက်သွားပြီးတဲ့နောက်
ငါ လူလားမြောက်လာခဲ့ပါတယ်...။ ငါ အလုပ်လုပ်တယ်။ ငါ ညကင်းစောင့်တယ်။ငါ ပန်းရောင်းတယ်။ ငါ စာကျက်တယ်။
အဲဒီနောက်
ဘဝကို စတင်ရုန်းကန်ခဲ့ရခြင်းထဲမှာ မကျေနပ်မူတွေနဲ့ ငါ နစ်မြှပ်တယ်။ တစ်ချို့အကြိုက်ကို လိုက်ရင်း ငါ့အကြိုက်တွေ လုံးပါးပါးသွားတယ်။ အားနာနေခဲ့တဲ့ နေ့ရက်စိမ်းတွေနဲ့ ပျင်းရိစွာပဲ ငါ နှစ်ပါးသွားခဲ့ရတယ်။
ငါက ငါ့ဝါသနာကို အနိုင်ပေးချင်ပေမယ့်
စားဝတ်နေရေးဆိုတဲ့ဝေါဟာရက
ငါ့ကို လှောင်ပြောင်နှိတ်စက်ပြန်တယ်။ မပြီးဆုံးသေးတဲ့ ငါ့ရဲ့ပညာရေး၊ ဝတ်ကျေတန်းကျေနဲ့ လုံးပါးပါးသွားတယ်။
ကိုယ် လုပ်ချင်ရာလုပ်ခွင့်မရတဲ့ဘဝမှာ
ဘာအဓိပ္ပါယ်ကိုမှ ငါရှာဖွေမနေချင်ခဲ့ဘူး။ သူငယ်ချင်းတစ်ယောက်လောက်တော့ တောင့်တတယ်။ ဒါပေမယ့် အားလုံးက အရေခွံတွေချည်း။ ဘဝဟာ စက္ကန့်မလပ် မျတ်လှည့်ပြနေတော့တယ်။
ငါဟာ လွတ်လပ်မူကို မြတ်နိုးသူ
ချုပ်နှောင်မူကို မုန်းတီးသူ
ငါ့လက်ထဲမှာ
ဒဿနအမြင်နဲ့ပတ်သတ်တဲ့စာအုပ်တစ်အုပ်နဲ့အတူ ငါ့ညတွေ ငါ့ဘာသာ အိပ်တန်းတတ်ခဲ့ရသူ။ အမြဲတစေ သင်းကွဲ။
ဆင်ခြင်ခြင်းနဲ့ အတွေးအခေါ်ကြားမှာ
ငါ့စဉ်စားဝေဖန်ပိုင်ခြားကြည့်ခဲ့မိတာ
ဘဝဆိုတဲ့ အခန်းဟာ ကျဉ်းကျဉ်းလေးပါပဲလား။ ငါ ဘယ်သွားသွား ဒီအခန်းထဲမှာ အပ်ကလေးတစ်ချောင်း ကျပျောက်နေသလောက်ပဲ ရှိမယ်။
အဲဒီအခန်းလေးထဲမှာပဲ
ငါ ချစ်ခဲ့ဖူး
ဒဏ်ရာတွေရခဲ့ဖူးဆိုပေမယ့်
အတိတ်တွေကိုသယ်ပြီး ငါ့ရဲ့ ဘဝ ရထားကို
စတင်ခုတ်မောင်းလာခဲ့ပုံက မသပ်မရပ်ပါလေ။ ဒါပေမယ့် လွတ်လပ်ခဲ့တယ်။ ပေါ့ပါးခဲ့တယ်။ စိတ်ရှိလက်ရှိ ကျပျောက်ခဲ့ဖူးတယ်။
ESTÁS LEYENDO
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Historia Cortaကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။