စနစ်မရှိသောဝါကျများ(၃)
(၃)
လူရယ်လို့ ဖြစ်လာကြတဲ့နောက်၊ အချစ်ကို တွေ့ရှိကြတာဟာ သဘာဝပါပဲ။ ငါ ချစ်တက်လာခဲ့တယ်။ အဲဒီအချစ်အပေါ်မှာ လူတွေရူးသွပ်ကြတယ်။ အချစ်ရဲ့ဂီတမှာ လူတွေကခုန်ကြတယ်။ ဒါကြောင့် အချစ်ဟာ ပန်းတစ်ပွင့် ဖြစ်တယ်။ အချစ်ဟာ တစ္ဆေတစ်ကောင် ဖြစ်တယ်။
ဒီလိုပဲ မိန်းမလှလေးတွေဟာလည်း ပန်းဆန်တဲ့သူက ဆန်တယ်။ တစ္ဆေဆန်တဲ့သူကလည်း တစ္ဆေဆန်တယ်။ ငါကတော့ "လိပ်"ဆန်တယ်။ ဒါပေမယ့် ငါက ငါ့ဘက် ငါ မယက်လိုက်ရတဲ့ "လိပ်"ပါ။
အရမ်းချစ်တဲ့ မိန်းမတစ်ယောက်ဆီက အချစ်၊ အမုန်း၊ ဂရုစိုက်မူ၊ မျတ်ကွယ်ပြုမူတွေကိုခံစားရရှိတဲ့အခါ၊ အချစ်ဟာ ကြီးကျယ်တဲ့ စွန့်စားခန်းတစ်ခုလေ အလား ငါ ထင်မှတ်မှားမိပြန်တယ်။ ငါ့တစ်ယောက်တည်း မိုးရွာ၊ ငါ တစ် ယောက်တည်းနေပူနဲ့ ကာလဆိုးကြီးတစ်ခုထဲ ငါဝပ်ဆင်းခဲ့ရတယ်။ ငါ ပြန်ထူမတ်လာနိုင်တဲ့အချိန်မှာ ကဗျာရေးတဲ့ငါ့လက်တွေက ဝထ္ထူရေးချင်လာတော့တယ်။ အဲဒါနဲ့ပဲ
နောက်ဆုံးမှာ သူ့ကို အလွမ်းတွေနဲ့သေနေတဲ့သစ်ပင် အောက်မှာ သဂြိုလ်ပြီးစီးသွားခဲ့တယ်။ သူဟာ အဲဒီထဲမှာပဲ၊ ပိတ်လှောင်နေပါလိမ့်မယ်။နှလုံးသားဟာနာကျင်သလိုလိုနဲ့၊
နာကျင်စရာတော့ ရှာမတွေ့ခဲ့ဘူး။ လူတွေ သူတို့လမ်း သူတို့ လျှောတ်သွားကြတယ်။ ဒီနေ့မှာ အရေးပါတဲ့ လူတစ်ချို့ဟာလည်း မနက်ဖြန်မှာ ဗလာနယ်ဖြစ်သွားနိုင်တယ်။ အဲဒီလိုပဲ ၊ ငါဟာလည်း ဗလာနယ်တစ်ခုသာ ဖြစ်တယ်။
၁၅ဝဝ စီးချင်းတဲ့
ကြီးကျယ်လွန်းတဲ့အချစ်
ခဏတာ ပိုင်ဆိုင်ခွင့်မှာ
ဘာများမက်မောစရာရှိမလဲ
ငါကတော့ မက်မောမိခဲ့ပါတယ်
သူမဆီက ရလာတဲ့အချစ်
အတု၊ အစစ် ငါမခွဲခြားခဲ့ဘူး
ငါအတွက်
သူမမျတ်ဝန်းဟာ ကဗျာတစ်ပုဒ်ဖြစ်နေတယ်ဆိုရင်ပဲ
လုံလောက်ပြီလို့ ငါတွေးရင်း
သံသယကင်းစွာပဲ နေ့ရက်တွေကို ဖြတ်သန်းခဲ့မိတယ်။သူ မရှိတဲ့နောက် သံသယတွေကို ငါ ယုံကြည်လာတယ်။ သံသယတွေ ငါ့စိတ်ခန္ဓာမှာ တွယ်ကပ်အသက်ရှင်တယ်။ မောဟတွေ နေ့စဉ်နဲ့အမျှ လောင်ကျွမ်းတောက်လောင်တယ်။ ငါ့ကိုယ်ငါ ဘောင်တပ်ပြီး ပန်းချီကားတစ်ချပ်လိုသာ နေထိုင်ပစ်လိုက်ချင်တော့တယ်။ ပန်းချီကားထဲမှာတော့ မြွေ (သို့) ပင့်ကူ တစ်ကောင်ပုံ ဖြစ်ဖို့တော့ လိုတာပေါ့လေ။ အကြောင်းကတော့ သူတို့ရဲ့နေထိုင်မူကို ငါကြိုက်တယ်။
YOU ARE READING
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Short Storyကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။