ငါ့ပြတင်းပေါ်မှာ သစ်ရွက်ခြောက်တွေ ကြွေတဲ့ကာလ-(၃)

11 1 0
                                    

ငါ့ပြတင်းပေါ်မှာ သစ်ရွက်ခြောက်တွေ ကြွေတဲ့ကာလ-(၃)

(၃)
သစ်ရွက်ခြောက်ကလေးရယ်
ငါ့ကို ပျော်ရွှင်စရာတွေနဲ့
ခဏခဏမျှားပေးစမ်းပါ...။

မင်း ဘဝမှာ မရှုံးချင်ဘူးဆို။ ပစ်မှတ်ဟာ ငါ့ရဲ့ လက်ညိုးညွှန်ပြရာပါပဲ။ မင်း တည့်တည့်ပစ်ပါ။ လွဲသွားရင် တော့ ငါ့ဆီ မှန်လိမ့်မယ်။
တွေးကြည့်စမ်းပါ သစ်ရွက်ခြောက်ကလေးရေ....။
ကြယ်တွေဟာ ငါတို့ကို စကားထာ ဝှတ်ထားတယ်။ ဘယ်နေရာမှာ သူတို့ ဘယ်လိုကြွေသွားကြ။ မသိရကောင်းလားဆိုပြီး ငါ့အရိပ်က ငါ့ကို အော်ဟစ်တဲ့အခါ ငါ့နူတ်ခမ်းတွေမှာ မင်းအနမ်းတွေကို အန်ချပါ။ လျှာတွေဟာ ထွေးလုံးရစ်ပတ် သံယောဇဉ်ဖွဲ့နေကြလိမ့်မယ်။

ဘာမှ ပိုမထူးတော့ ဘူးတဲ့လား။ ဟိုမှာ ကြည့်စမ်း၊ အဲဒါ သက်တန့်မဟုတ်ဘူးလား။ မြင်မြင်ရာမှာ ခယောင်းဆူးတွေကတော့ ရှိမှာပဲလေ။ ဘဝလို့ ကင်ပွန်းတပ်ပြီးတဲ့ နောက်မှတော့ ရယ်သွမ်းသွေးလိုက်ကြရုံပေါ့။ ဒါကပဲ အဓိပ္ပါယ်ရှိတာ မှတ်လား။

သစ်ရွက်ခြောက်ကလေးရေ...
ငါ မလှုပ်ခဲ့ဘူး။ နစ်မြှပ်သွားမှာ စိုးလို့လည်း မဟုတ်ဘူး။ ဘာဆက်ဖြစ်မလဲဆိုတဲ့ ဇာတ်သိမ်းခန်းထဲမှာ စီးမျော်ခွင့်ရဖို့ ငါ အာရုံပြုဆုတောင်းနေရင်း ရင်မောရခြင်းကို တွယ်တာနေခဲ့မိတာပါ။

တစ်ဘက်ကို မင်းသွားရခက်တဲ့အခါ ငါ့ဘက်ကို ပြန်လှည့်လာခဲ့တာ။ စိတ်မဆိုးပါဘူး သစ်ရွက်ခြောက်ကလေးရေ...။ အမှန်မရှိတဲ့ဘဝမှာ အမှားတွေ လက်ခံထားရတာ ငါ့ကမ္ဘာလို ဖြစ်တည်နေခဲ့ပြီပဲလေ ။

မင်း နာမည်ကိုလား
ငါ အကျယ်လောင်ဆုံး အော်ခေါ်ခဲ့တာတောင်၊ မင်းမသိချင်ယောင် ဆောင်ခဲ့ပုံက ငါ့မျတ်စောင်းထိုးသွားတဲ့ကြေကွဲခြင်းတွေနဲ့ သိပ်တူတာပဲနော်။ အဲဒီညက ငါလေ မုန်တိုင်းထဲ မှာ နားခဲ့တာ။ အိပ်တန်းပျောက်သွားတဲ့ ဌက်တစ်ကောင်လိုမျိုးပေါ့။ ဟော့..အခုတော့ အာရုဏ်မိုးသောက်လာခဲ့ပြီ။ မျတ်နှာကြက်မှာ လေပြေလေးတွေ တွဲလဲခိုနေကြရော။ ငါရဲ့ ပြတင်းပေါ်က် ဘောင်ပေါ် မှာ သစ်ရွက်ခြောက်တွေလည်း မတွေ့ရတော့။  သူ ထွက်ပြေးသွားခဲ့တာလား ကြယ်စင်။ မဖြစ်နိုင်ဘူး။ ငါရင် ထဲမှာ သူ အသာပုန်းနေခဲ့တာနေမယ်။
မင်း ဘာတွေ လုပ်နေမလဲကွယ်။

ကော်ဖီမသောက်နေသင့်ဘူး။
ဘီယာလည်း မသောက်သင့်ဘူး။
ဆေးလိပ်လည်း မသောက်သင့်ဘူး။
ပြီးတော့ လိင်မဆက်ဆံသင့်ဘူး။
ရေများများသောက်နေဖို့ပဲ လိုသတဲ့။
ငါလေ ရှိသမျှ အကုန် အန်ထုတ်ပစ်လိုက် ချင်တော့တယ်။

မင်းဟာ ညမှာပွင့်တဲ့ ပန်းတစ်ပွင့်လို ငါကို ရယ်သွမ်းသွေးလိုက်ပါတော့ကွယ်။
သစ်ရွက်ခြောက်ကလေးရေ...
ငါရဲ့ ကျဆုံးခြင်းဟာ မင်းရဲ့ မြေဆီလွှာပါပဲ။ ဟော့ဒီ အသွေးအသားထဲ အဆိပ်တွေ ပျော်ပါးကခုန်နေတာတောင် ငါဟာ မင်းရဲ့မင်းသားပါပဲ။ ငါမုန်တိုင်းထဲ လာခဲ့ပါတော့ကွယ်။ မျော်လင့်ရတဲ့ မနက်တို့မှာ ငါမောတယ်။ မင်းအသက်ရှုကျပ်နေတဲ့ ညတွေဟာ ငါ အတွက် အတိတ်ဆိတ်နိုင်ဆုံးပဲ။ အဲဒီညတွေထဲမှာ ငါ ခဏခဏ သေဆုံးလဲကျခဲ့ရတယ်။

မှန်တစ်ချပ်ရဲ့ ရာဇ၀င်​Opowieści tętniące życiem. Odkryj je teraz