မှန်တစ်ချပ်ရဲ့ ရာဇဝင်(၂)
(၂)
ပတ်ဝန်းကျင် တစ်ခုလုံးဟာ ခြောက်ကပ်ပ်နဲ့ တစ်စပြင်လိုမျိုးပဲ။ ကျက်သရေကင်းမဲ့နေတဲ့ အဆင်အသွေးနဲ့ ငါဟာ ကောက်ရိုးပုံကြားမှာ အပိုင်းပိုင်း ၊ အပြတ်ပြတ်။ ဇရပ်တစ်ခုပေါ်မှာတော့ နံပါတ်တုတ်ကြီးကိုင်လို့ ငါ့သူငယ်ချင်းဟာ ငါ့ကို စိမ်းစိမ်းဝါးဝါးကြီး စိုက်ကြည့်နေတယ်။ ဘုရားရေ သူငါ့ကို ရိုက်ခွဲခဲ့တာများလား။ သူနောက်မှာ အလွန်လှပတဲ့ အမျိုးသမီးက မထေမဲ့မြင်အပြုံးတွေနဲ့ ရပ်နေတယ်။ ပြီးတော့ သူတို့နှစ်ယောက်စလုံး ငါ့ရှိရာကို လျှောတ်လာကြတဲ့။ တကယ်တော့ ငါဟာ ကြေမွပြန့်ကြဲနေပြီဖြစ်တဲ့ မှန်တစ်ချပ်ပါ။ ငါ့သူငယ်ချင်းက ငါ့ကို ကျောခွသွားပြီး မိုးကုတ်စက်ဝိုင်းရဲ့အဆုံးကို ငေးကြည့်နေတယ်။ သူနောက်က ပါလာတဲ့ပျိုမဒီကတော့ ငါ့အနားမှာ ဒူးထောက်ထိုင်ကျလိုက်တယ်။ ပြီးတော့ ပြန့်ကြဲနေတဲ့အစိတ်အပိုင်း တွေထဲက အချွန်ထက်ဆုံးအပိုင်းကို သူဆုပ်ကိုင်လိုက်တယ်။ ဘုရားရေ...သူမ ဘာများလုပ်မလို့ပါလိမ့်။ ငါ့သူငယ်ချင်းဆီကို ငါတစ်ချက်လှမ်း ကြည့်လိုက်တယ်။ သူ့ကျောပြင်ဟာ ငွေရောင်တဖိတ်ဖိတ်တောက်နေလေရော....။
"အား..."
ငါ အသကုန်ကြုံးအော်ပစ်လိုက်တယ်...။
ငါ......အိပ်မက်က လန့်နိုးလာခဲ့တယ်။ ငါ တုန်တုန် ရီရီနဲ့ ဘေးဘီကို အကဲခတ်ကြည့်တယ်။
ငါ့ရဲ့ကြောင်စီစီသူငယ်ချင်းဟာ
ငါ့နားမှာရှိမနေပါဘူး။ ကြည့်ရတာ သားမေ့၊ မယားမေ့နဲ့ စာကြည့်ခန်းထဲမှာ စာဖတ်နေ ပြန်ပြီ တူပါရဲ့။
ငါ့မှာတော့ ချွေးတွေ တဒီးဒီးကျနေရင်း
သူရဲ့နားလည်ရခက်တဲ့ စကားတွေကို
ပြန်ကြားယောင်နေမိတယ်။ သူတစ်ခါ ပြောဖူးတယ်။
အိပ်မက်ဆိုတာ မသိစိတ်တဲ့။ ငါ့မသိစိတ်ထဲမှာ ငါဘယ်လို မကောင်းမူတွေ ပြုမူနေခဲ့မိပြီလဲ။ သိပ်လည်း မသေချာလှပါပဲနဲ့ ငါက မှန်ပြောင်းဆန်နေမိတော့တယ်။ နောက်ဆုံး
ငါတော့ ဆုတောင်းနေလိုက်တော့တယ်။
အိပ်မက်ဟာ အိပ်မက်ပဲဖြစ်ပါစေလို့......။ အိမ်မြှောင်တစ်ကောင်ကတော့ ငါ့ကို လှမ်းလှောင်တယ်။
"အိပ်မက်ဟာ၊ အိပ်မက်ဖြစ်ဖို့အတွက် အခြေခံဖြစ်ရပ်တော့ လိုသေးသတဲ့။ ပိုးဟပ်တစ်ကောင်ကတော့
အိပ်မက်ဆိုတာ စိတ်ခြောက်ခြားမူပါကွာတယ်။ စကားတွေကြား ငါ့ငယ်ဘဝတောင် ငါပြန်ရှာမတွေ့တော့ဘူးရယ်။
ESTÁS LEYENDO
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Historia Cortaကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။