ခရီးတစ်ခုအကြောင်း_၎

13 2 0
                                    

ခရီးတစ်ခုအကြောင်း_၎

(၄)
လောကကြီးတစ်ခုလုံး ကမောက်ကမာဖြစ် နေရင်တောင် ကျွန်တော်အတွက်အရေးကြီးဆုံး အချက်ကတော့
သူ ကျေနပ်နေဖို့ပဲ လိုတာပါ။ သူ ကျေနပ်နေမှ ကျွန်တော်အချစ်တွေအပေါ် သူ ချီးမွမ်း ထောပနာ ပြုနိုင်မှာပါ။
သစ်ပင်တစ်ချို့ရဲ့ လေယူရာတိမ်းနေပုံကို ကြည့် ပြီး
ကျွန်တော် လွယ်အိတ်ထဲကို လက်နိုက်ကြည့်လိုက်တယ်။ ခေါက်ဓားလေးတစ်ချောင်း။ အလွန်တစ်ရာမှ လှပသေသပ်လွန်းတဲ့ ခေါက်ဓားလေးတစ်ချောင်း။

သူ့ဆီ လှမ်းပေးလိုက်တယ်။ သူ ဒီခေါက်ဓားလေးကို မြင်တော့ အားရကျေနပ်စွာ ပြုံးသွားတယ်။
"ကိုက တော်သားပဲ။ ကျွန်မအကြိုက်ကို အရမ်းအလိုက်သိတတ်တာပဲ။"
အရင်ကတည်းက သူ့အတွက်ဆို ကျွန်တော်ဆိုတဲ့ကောင် ကိုယ့်သေတွင်း ကိုယ်တူးရဖို့လည်း ဝန်လေးခဲ့တာမှ မဟုတ်တာ။ ဒီဓားလေးဟာ သူလိုချင်တပ်မတ်ခဲ့တဲ့ ဓားလေးမို့ ကျွန်တော်ဝယ်ထားခဲ့တာတော့ ကြာပြီ။ ဒါပေမယ့် ကျွန်တော် ဒီဓားကို ဘာအကြောင်းကြောင့်မှန်း မသိ စွာနဲ့ ကျွန်တော်သူ့ကို မပေးရဲခဲဘူး။ အခုတော့ သူ့ကို ကျွန်တော် ပေးအပ်ရဲနိုင်ခဲ့ပြီ။
"ကဲ... အဲဒါဆို ကျွန်မတို့ ဒီခယောင်းလမ်းကို ကျော်ဖြတ်ကြရအောင်လေ၊ နောက်မို့ဆို အချိန်တွေ နှောင်းကုန်လိမ့်မယ်။"
သူ့စကားကြောင့် ကျွန်တော် ထိတ်လန့် တုန်လှုပ်သွားတယ်။ တကယ်ဆို ကျွန်တော်က ကျွန်တော်ချစ်သူ ဘေးနားရောက်လာတဲ့အတွက် ကျွန်တော် ဝမ်သါပိတိဖြစ်နေသင့်တာ မှတ်လား။ အခု ကျွန်တော်ဘာကို ကြောက်လန့်နေတာလဲ။ ခယောင်းရိုင်းတွေထက်ကို ပိုပြီး တစ်စုံတစ်ရာကို ကြောက်လန့်နေမိတယ်။
"ကို..ဘာတွေစဉ်းစားနေတာလဲ။ သွားရအောင်လို့။"
ကျွန်တော် ငြင်းဆန်စရာမရှိတော့လောက်အောင် ကျွန်တော်စကားတွေက ကျွန်တော်ကို လက်ထိပ်ခတ်လာတော့တယ်။ ကျွန်တော် ရုန်းထွက်မရတော့ဘူး။ အဲဒါ ဟိုပင့်ကူကြောင့်လား။ ခယောင်းရိုင်းတွေက ကျွန်တော်ကို ဘယ်လို လူ့တိရိစ္ဆာန်လဲလို့ ခေါ်င်းထောင်ကြည့်နေကြတော့တယ်။ ကျွန်တော်ဟာ ဘယ်လိုရူးမိုက်တဲ့ လူလည်းကွယ်။ ကျွန်တော် သူ့ကို ကျောပိုးလိုက်တော့တယ်။ သူက ကျွန်တော်ပခုံးထက်မှာ ပျော်ရွှင်စွာနဲ့ပေါ့။

ကျွန်တော်ကျောပေါ်မှာ  သူမဟာ တောပန်းတွေနဲ့ အပြိုင် ဝေဆာပွင့်လန်းနေရော။ဒါပေမယ့် သူ့အလှကို ပန်းကလေးတွေ ကြောက်ရွံနေကြသလိုပါပဲ။ မျတ်တောင်လေးတွေခမျ ကွေးလို့။

ပြီးတော့  ဓားလေးကိုမြှောက်ပြီး လာမယ့်အန္တရာယ်ကို ရင်ဆိုင်မယ့် သူမရဲ့ အသွင်ကလည်း ကျားရဲမတစ်ကောင်နဲ့လိုပါပဲ။ သူရဲ့ လန်းဆန်းတတ်ကြွမူက လျှပ်တစ်ပျတ် ခုန်အုပ်နိုင်စွမ်း ရှိနေနိုင်တယ်။

ကျွန်တော်ခြေထောက်ကို စတင်လှမ်းလိုက်တယ်။ ခြေဖဝါးအောက်မှ နင့် ခနဲ ဖြစ်သွားတဲ့ ခယောင်းဆူးရဲ့နာကျင်မူက ကျွန်တော်ရင်ထဲက နာကျင်မူကို အားကိုးတကြီးနဲ့ ကြည့်ကြတယ်။ ကျွန်တော်ချစ်သူ့ကို ခရီးတစ်ခုရောက်တဲ့အထိပို့ဖို့   ဒီနာကျင်မူတွေကို အံတုမပြတ် ကျွန်တော် ရင်ဆိုင်ကျော်ဖြတ်သွားမယ်။
အကယ်၍ သူပြုတ်ကျသွားခဲ့ရင် သူ့ကို ခယောင်းဆူးတွေက နာကျင် မူ ဒဏ်ရာတွေပေးကြတော့မှာမို့ကျွန်တော်ရဲ့  ခြေလှမ်းတိုင်မှာ အားတင်းမူ တွေနဲ့ ရှေ့ကိုဆက်တယ်။ မနက်ဖြန်တွေတော့ ရှိကို ရှိနေကြလိမ့်မယ်။

အဲဒီအချိန်မှာပဲ ကျွန်တော်ကျောကို တစ်စုံတစ်ခုနဲ့ ထိုးစိုက်ချလိုက်သလို ကျွန်တော်စတင်ခံစားရလိုက်တယ်။
"အား......"
ကျွန်တော် အကြောက်ဆုံး ဝေဒနာတစ်ခုပါလား။ ငရဲခန်းရဲ့ ပတ်ပျိုးတွေ နားစည်ကို လာရိုက်ပုတ်လာတော့တယ်။
ဟိုး..ရှေ့ မှာလည်း ခယောင်းလမ်းရဲ့ အဆုံးက အဝေးကြီး ကျန်သေးတယ်။ကျွန်တော် ဆက်ပြီး နားလည်သည်းခံ နိုင်ဦးမလား။
ခယောင်းဆူးတွေကလည်း ခြေဖဝါးအောက်မှာ တဆစ်ဆစ်နဲ့ကို စူးတယ်။ ဒါပေမယ့် ကျောကဒဏ်ရာလောက်တော့ မနာကြင်မှာ အသေအချာပါပဲ။ တွေးတော့တွေးကြည့်လိုက်တယ် ။ ကျောပေါ်က သူကတော့ သူလုပ်ချင်တာ လုပ်ရလို့ ပြုံးနေမှာပဲလို့။ ပျော်ပါစေ ချစ်သူ။
----------------------------------------------------------

မှန်တစ်ချပ်ရဲ့ ရာဇ၀င်​Tahanan ng mga kuwento. Tumuklas ngayon