ငါ့ပြတင်းပေါ်မှာ သစ်ရွက်ခြောက်တွေ ကြွေတဲ့ကာလ-(၄)
(၄)
သစ်ရွက်ခြောက်ကလေးရေ....
စိတ်မကျန်းမမာဖြစ်နေတဲ့ ငါ့အတွက် နေ့တွေက အသေဆိုးနဲ့ မလုပ်ကြံခင်မှာ မင်းနူတ်ခမ်းကို ငါ ဖွဖွလေး နမ်းခဲ့ပါရစေကွယ်။မင်းရဲ့ ခြံပိုင်ရှင်ကတော့ စိတ်ပေါ့သွပ်သွားတဲ့အကြောင်း အကောင်းဆုံးကြားလိုက်ရမှာ သေချာတယ်။ ဘာထူးသေးလဲ။ စိတ်ရောဂါနဲ့ ဆေးရုံမတတ်ရရုံ တမယ်ပဲ ကျန်တော့တဲ့ငါဟာ
အိပ်မက်လှေတွေ စွတ်ဆက်လှော်ခဲ့တာ ငါ့မာနတွေတောင် ပုပ်သိုးကုန်ရောမဟုတ်လား။သစ်ရွက်ခြောက်ကလေးရေ...
မင်း မနက်ဖြန်တိုင်း လှဖို့အတွက်နဲ့ ငါ့ဘက် ကြည့်နေစရာတော့ မလိုပါဘူး။ လာပါ ဌက်ကလေးတို့၊ ငါ့ ပြတင်းတံခါးမှာ တေးသီပါ။ မိုးဖွဲဖွဲလေးကျတဲ့ ဒီချိန်ခါမှာ မင်းကြောင့် စိတ်ဖောက်ပြန်တတ်လာတာ။ ကဲ..ကောင်းရော။ ပြတင်းပေါ်က်မှာ လိပ်ကာအနားစတွေဟာ အိပ်စက်နေတုန်းပဲတဲ့။ သူတို့နမ်းချင်တဲ့ သစ်ရွက်ခြောက်ကလေးဟာ အိပ်မောကျနေတုန်းပဲ။သစ်ရွက်ခြောက်ကလေးရေ...
မင်းဘယ်လိုလဲကွယ်။ ငါတို့နှစ်ယောက်ရဲ့အိမ်က ဘယ်မှာလဲ။ ဝေးသေးလား။ မင်းရဲ့ အမှတ်သညာတွေ ပျောက်ပျက်စီးကုန်ပြီလား။ ငါရဲ့ဘအမှတ်သညာတွေက ပျတ်စီးယိုးယွင်းပြီးလား။ အခုထိတော့ ငါ လမ်းမတ်မတ် မလျှောတ်နိုင်သေးဘူး။ ပြတင်းပေါ်က် ဘောင်လေးကနေ ငါ့ကို စောင့်စားနေပေးပါ သစ်ရွက်ခြောက်ကလေးရယ်။ နော်။ငါ သက်သာလာခဲ့ပြီ။ ဒါပေမယ့် စိတ်အမာရွတ်က ဝေဒနာဆိုးတို့ကို ချန်ထားတယ်။ မြင်နေရတုန်းပဲ။ ဆိုးတော့ ဆိုး တယ်။ ဒါပေမယ့်လည်း ချစ်ဖို့ကောင်းတယ်။ တစ်ခါတစ်လေ စကားတွေနဲ့ စစ်ထိုးနေကြတဲ့အခါ ငါ့ဘက်က လက်နတ်ချပေးပါလျှက် မင်းမကြည်ဖြူခဲ့တာဟာလည်း ငါရဲ့ ညံဖျင်းမူ တစ်မျိုး ဖြစ်ပါလိမ့်မယ်။ မင်းကမင်းပဲ မဟုတ်လားလေ။
ဖုန်းပြောဖြစ်ကြတဲ့အခါ ငါရင်ထဲမှာ လောင်ကျွမ်းနေရရော။ ငါက ထားခဲ့ရင် နေခဲ့ပါ့မယ်လို့ ဟစ်ကြွေးနေပေမယ့် ငါ တကယ် အဆင်သင့်မဖြစ်သေးပါဘူး ။ ဆိုတော့ ဒီဘောင်လေးပေါ်ကနေ လေတွေနဲ့အတူ မင်းလိုက်ပါမျောမသွားနဲ့ဦးကွယ်။
သစ်ရွက် ခြောက်ကလေးရေ....
စကားတစ်ချို့ဟာ ငါရဲ့ အထီးကျန်ခြင်းထဲက ကခုန်ထွက်လာကြတာပါ။အဲဒါက မင်းရဲ့လွတ်လပ်မူကို ပိတ်ဆို့တားစီးဖို့ မဟုတ်ရပါဘူးကွယ်။ ငါ ဝမ်းနည်မူရဲ့ အခြေအမြစ်တွေကို ငါတွယ်တာမိရုံ သက်သက်ပါပဲကွယ်။မင်းက မချိပြုံး ပြုံးသတဲ့လား။ ဟော့..သစ်ရွက်တွေ ကြွေကျလာကြပြန်ပြီ။ အလျှင်အမြန်ပဲ ပြတင်းတံခါးကို ဆွဲပိတ်လိုက်ချင်မိတယ်။
မင်းက လွဲလို့ ဘယ်သစ်ရွက်မှ ဒီပြတင်းဘောင်ပေါ် တင်မကျန်စေချင်ဘူး။ ငါ့မျှော်လင့်ချက်က ခန်းဆီးစတွေလို ရှိတယ်။ ငါက နေမကောင်းချင်သူ ဖြစ်တယ်။သစ်ရွက်ခြောက်ကလေးရေ....
ငါ့ကို အခန်းထဲက တစ္ဆေတစ်ကောင်က လှောင်ပြုံးပြုံးတယ်။ ငါလေ နောင်တရနေမိပြီ ကြယ်စင်။ မင်းဆီက ထွက်ပြေးခဲ့မိတယ်ငါဟာ ပုတ်သိုးနေတဲ့ လေပြေမုန်တိုင်းထဲမှာ ထီတစ်စောင် ထိုးထားရသလိုပါပဲ။ ကံထူးတော့မှာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ ညထဲမှာ တယောလေးထိုးပေးပါ။
ငါ့မျတ်ကွင်းတွေတောင် ညိုလာတယ်။
နူံးချိခြင်းထဲမှာ ငါအိပ်ပျော်သွားတယ်။
အိပ်မက်ထဲမှာ သူ ငါ့ကိုဓားနဲ့ထိုးပြီး ငါ့အသားတွေကို စားနေခဲ့တယ်။ ငါ ကြောက်လိုက်တာ။ ငါကို ချစ်သတဲ့လား။ ဟင့်အင်း အချစ်ဆိုတာ ဘယ်သူ့ဆီမှာမှ မရှိခဲ့တဲ့ အရာတစ်ခု။ ငါ ယောင်ယမ်းပြီး အိပ်ယာက နိုးတယ်။ နိုးနိုးချင်း ရေကို ခွက်အပြည့်မော့သောက်ချလိုက်တယ်။ အဆိပ်တွေ လည်ပင်းကနေတစ်ဆင့် အစာအိမ်ထဲ ပြန်ရောက်သွားတော့တယ်။ ဘယ်အရာတွေ သေရာပါကုန်ပြီလဲ။ ငါ့မျတ်လုံးထဲမှာ သစ်ရွက်ခြောက်တစ်ခု ကြွေဆင်းလာတာမြင်တယ်။ ကျေးဇူးပြုပြီး မင်းအဲဒီဘောင်ပေါ်မှာ တင်ကျန်နေရစ်ပေးပါကွယ်။
BINABASA MO ANG
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Short Storyကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။