မှန်တစ်ချပ်ရဲ့ ရာဇဝင်​(၁)

40 3 0
                                    

မှန်တစ်ချပ်ရဲ့ ရာဇဝင်​(၁)
(၁)
ငါ့မှာအလွန်တရာမှ ထူးဆန်းတဲ့သူငယ်ချင်း တစ်ယောက်ရှိပါတယ်။
အဲဒီ သူငယ်ချင်းက နားလည်ရခက်တဲ့စကားတွေကို​ပြောတယ်။
ပြီးတော့ ထူးဆန်းတဲ့စိတ်ကူးတွေကိုလည်း ချပြတယ်။ သိရခက်တဲ့အလုပ်တွေကိုလည်း လုပ်ပါတယ်။

သူ့ ကို ဘယ်သူကမှ နားမလည်ကြပါဘူး။  ငါကိုယ်တိုင်လည်း နားလည်ဖို့ ကြိုးစားနေရဆဲပါ။ သူဟာ ပဟေဠိတွေနဲ့ လူတစ်ယောက်ပဲဖြစ်တယ်။
သူက တစ်ခါတစ်လေ ကျွန်တော်နဲ့
မျတ်နှာချင်းဆိုင်ပြီး ​ပြောတယ်။
သူ့စိတ်တွေဟာ သူရဲ့အိပ်မက်တဲ့။
အိပ်မက်တိုင်းဟာ အိပ်မက်ဆိုးတွေချည်း။ အဲဒီလို ပြောပြီး နံရံကို သူ ကုတ်ခြစ်နေတတ်တယ်။
သူမှာဘာမှမရှိတော့ဘူးတဲ့။ မျော်လင့်ခြင်းတွေဟာ ခမ်းခြောက်သွားတဲ့ ကန္တရထဲက မြစ်ပဲတဲ့။ သူ့ကို ဂရုစိုက်တယ် ဆိုတာကလည်း ကျွန်တော်ပဲ ရှိတာပါတဲ့။

သူက ဆာလောင်​မွတ်သိတ်ခြင်းတွေကို မုန်းပြီး နာရီနဲ့ပြက္ခဒိန်တွေကို အလုပ်ရှုပ်စေတဲ့ပစ္စည်းလို သတ်မှတ်ပြီး မေ့ပစ်ချင်ပါတယ်တဲ့။ ပြီးတော့ သူလုပ်ချင်ရာသာ လုပ်ခွင့်ရမယ်ဆိုရင်​အနီရောင်ကို လူတွေမမြင်အောင်​ဝှတ်ထားပြီး​အပြာရောင်ကို မျတ်နှာမှာ လူးထားချင်သတဲ့။

သက်ရှိတွေ ဘယ်လိုဖြစ်တည်လာတယ်ဆိုတာထက် သံသယတွေ ဘယ်လိုဟွးများလာသလဲဆိုတာကို သူ ခြေရာခံချင်တယ်တဲ့။  ​နောက်​ သူပြောသေးတာက
အနာဂတ်မှာ ညဆိုတာ လူတွေအတွတ်​အိပ်ချိန်​ မဟုတ်တော့ဘူးတဲ့။ သူ ပြောသမျှ ကျွန်တော် တစ်လုံးမှ နားမလည်ခဲ့ပါဘူး။ ကျွန်တော်သိတာက ကျွန်တော်ရှေ့ သူရောက်လာတိုင်း ဆံပင်တွေက စုတ်တိစုတ်ဖွားနဲ့။ အဝတ်အစားက မသေမသပ် ညစ်ထေးထေးနဲ့။ အရက်နံကလည်း တစ်ထောင်းထောင်းထနေလေရော။ နောက်ပြီးရင်တော့ ယိုင်တိယိုင်တိုင်နဲ့ အခန်းထဲက ပြန်ထွက်သွားတတ်တယ်။ ကျွန်တော်မှာတော့ သူ့စကားလုံးတွေနဲ့ မွန်းကြပ်ပြီး အမြဲကျန်နေခဲ့ရပါတော့တယ်။

မှန်တစ်ချပ်ရဲ့ ရာဇ၀င်​Tahanan ng mga kuwento. Tumuklas ngayon