#၂ဂျစ်ပစီမလေးရေ.......။
မင်းရဲ့ မေ့ လျော့ခြင်းထဲမှာ ငါအထိနာခဲ့ရတယ်
ကွယ်။
ပြီးတော့ မင်းရဲ့လျိုဝှတ်ခြင်းထဲမှာ ငါအကြိမ်ကြိမ်
ကျဆုံးရပြန်တယ်။
မင်းရဲ့ မေ့လျော့ပေါ့ဆခြင်းတွေဟာ နှစ်ခါလည်း မဟုတ်၊ သုံးခါလည်းမဟုတ် အကြိမ်ကြိမ်အခါခါ ဖြစ်နေပါရောလားကွယ်။
ဒီလိုပဲ မင်း ရဲလျိုဝှတ်ခြင်းတွေဟာ တစ်ခုလည်းမဟုတ်၊ နှစ်ခုလည်းမဟုတ်၊ ငါ လိုက်မမီအောင် များပြားလွန်းတယ်ကွယ်။မင်းဟာ ကန္တရလို အမျိုးသမီးပါပဲကွာ။ ငါကလည်း အဲဒီလို အမျိုးသမီးကိုမှာ ဘဝထပ်ကြွေအံလောင်းပြီး အသဲပေါ်က်အောင် ချစ်ခဲ့မိတယ်။ ငါဟာ မင်းရှို့တဲ့ မီးတွေနဲ့ အကြိမ်ကြိမ် လောင်ခဲ့ရပေါ့ကွယ်။
ဂျစ်ပစီမလေးရေ.....။
အခုတစ်ခေါ်က်ကော မင်းကံကောင်းနိုင်ဦးမှာလား။ ဒါက လောင်းကစားပွဲ တစ်ခုလိုပဲ။
မင်းအတွက် အနိုင်အရှုံး ရလဒ်တွေ တစ်နေ့တော့ ထွက်ပေါ်လာမှာပါ။
မင်းက ငါဟာ ရှုံးတယ်၊ ရှုံတယ်လို့ လည်ချောင်းကွဲအောင် အကြိမ်ကြိမ်အခါခါ အသကုန်အော်ဟစ်ခဲ့ပေမယ့် အဲဒါတွေက တကယ့် အရှုံးမဟုတ်သေးဘူး။ဟော့ အခုကြည့်စမ်း ၊ မင်းပုံစံက အရူးမတစ်ယောက်လိုပဲ။ ကန္တထဲမှာ ပြေးလွှားနေပုံက မင်းနောက်ကနေ ပူလောင်ခြင်းတွေ အတောမသတ်လိုက်တယ်။ ဟုတ်တာပေါ့ ၊ မင်းအတွက် အရမ်းလိုတယ် ။ အဲဒီရေကိုမှ မင်းဘာလို့ မေ့လျော့ထခဲ့ရတာလဲ ကောင်မလေးရယ်။ မင်းဆီမှာ ရှိနေတဲ့ ကျောပိုးအိတ် လှလှ၊ ဖိနပ်အကောင်းစား၊ အင်္ကျီအသစ်တွေထက်ကို ရေထည့်တဲ့ ဖန်ပုလင်းလေးက ပိုပြီး အသုံးဝင်ပါ တယ်ကွယ်။ ဒါကို အခု မင်းသိလိုက်ရချိန်မှာ တန်ဖိုးတစ်ခုဟာ အသက်ပါသွားခဲ့ပါပြီ။
ဂျစ်ပစီမလေးရေ.........။
ဘယ်မှာလဲ မင်းခိုနားခဲ့တဲ့ ကျောက်တုံးလေး။
သူ ဘယ်ပျောက်သွားပြီလဲ။
ပြီးတော့ မင်းရဲ့ခြေရာတွေကော သဲပေါ်မှာ ဘာလို့မရှိရတော့တာလဲ။
ပြီးခဲ့တဲ့ မီနစ်၂၅ကျော်လောက်က ဒီဝန်းကျင်းလေးမှာ သဲမုန်းတိုင်း အငယ်စားလေး တိုက်ခိုက်သွားတာကိုတော့ မင်းသိလိမ့်မယ် မထင်ဘူးကွယ်။ ကျောက်တုံးတောင် ရှာမတွေ့တာ မင်းရဲ့ရေဖန်ပုလင်းကို မင်းဘယ်လိုများ ရှာဖွေတွေ့လိမ့်မလဲ။ လောကကြီးဟာ မျတ်စိတစ်မှိတ်အတွင်းကို ပြောင်းလဲနေပါရောလား။ အချိန်တွေကို မင်းတန်ဖိုးထားခဲ့ရင် ကောင်းမှာပါကွယ်။ မင်းအတွက် အချိန်တွေဟာ နှောင်းခဲ့တယ်။ မင်းရဲ့ မတည်ငြိမ်တဲ့စိတ်ဟာ မင်းကို ပြန်ပြုစားသွားခဲ့တယ်။ အခုတော့ မင်းဘယ်လိုဆက်လုပ်မလဲ။ မင်း မျတ်ဝန်းက မျတ်ရည်တွေ စီးကျလာခဲ့တယ်။ ပင်လယ်ထဲ အပ်ဆင်းရှာတာကမှ မင်းအတွက် ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။ ဒီကန္တထဲက သဲတွေကြားမှာတော့ မင်းကိုယ်မင်းတောင် ပြန်ရှာဖို့မလွယ်ဘူးဆိုတာ မင်းမြင်တတ်ရင် အတော်ကောင်းလိမ့်မယ်။ဂျစ်ပစီမလေးရေ.........။
မင်းငိုပါ။
နှမြောတမ်းတခြင်းများစွာနဲ့ မင်းငိုပါ။
အရင်က ကျခဲ့တဲ့ မင်းမျတ်ရည်တွေက အတုတွေပါ။ အခုကျတဲ့ မင်းရဲ့မျတ်ရည်ကမှ အစစ်လို့ခေါ်တာပါ။ မင်းဟာ မင်းရဲ့ ယုံကြည်မူနဲ့ ဝေးနေတဲ့ သူမျိုးပေါ့၊ကဲ...အခု
မင်းအမြတ်နိုးဆုံးအရာတစ်ခုကို မင်း ထပ်ပြီးဆုံးရှုံးရပြီ။ အရင်က မင်းဘဝမှာ ဆုံး ရှုံးခဲ့ရမူတွေဟာ အစစ်အမှန်မဟုတ်ပါဘူး။ အခု ဆုံးရှုံးရမူဟာ တကယ်အစစ်အမှန်ပါ။ပြောပြရရင် မင်းဖြစ်ချင်တာတွေ မဖြစ်လာတာဟာ အရှုံးမဟုတ်ပါဘူးကွယ်။ ဖြစ်ချင်တာတွေ ဖြစ်လာပြီးမှ တန်ဖိုးမထားလို့ ပျောက် ပျက်သွားရခြင်းကသာ တကယ် အရှုံးလို့ခေါ်ပါတယ်။ မင်းအတွက် သင်ခန်းစာတွေ ဒီနားမှာပဲ အပြီးသတ်သွားတယ်။ မင်းဟာ စာမျတ်နှာကုန်သွားတဲ့ ဗလာစာအုပ်တစ်အုပ်ပဲ ဖြစ်တော့တယ်။
ဂျစ်ပစီမလေးရေ....
မင်း စိတ်ဓာတ်ကျခြင်းတွေနဲ့ ခု ငေးငိုင်နေရပြီလား။ အရင်က မင်းပြောတော့ တစ်ယောက်တည်းလည်း နေတတ်ပါတယ်ဆို။ ဘာမှ ဖြစ်မလာတဲ့ဘဝမှာ ဖြစ်သလိုပဲ ဖြတ်သန်းရင်ဆိုင်လိုက်မယ်ဆို။ ကောင်းအောင်နေလည်း ပြောခံနေရမယ်အတူတူ မကောင်းအောင်ပဲ နေတော့မယ်ဆို။ မင်းအတွက် ညဆိုးတွေဟာ ဒီဘက်ကို ကမ်းကပ်လာခဲ့ပေါ့ကွယ်။ မင်းကြုံခဲ့ဖူးတဲ့ ညဆိုးတွေထက် ဒီညဆိုးတွေက ပိုကြောက်ဖို့ကောင်းနေလိမ့်မယ်။ မျတ်နှာဖုံး အထပ်ထပ်တွေနဲ့ပေါ့။ မင်းသတိထားပေါ့။ဂျစ်ပစီမလေးရေ...
မင်းဟာ မာယာအတုတွေနဲ့ ငါ့ရင်ဘတ်ပေါ်မှာ လာရောက်ထွန်းလင်းခဲ့သူပါ ။
မင်းကတဲ့ဇာတ်မှာ ငါက မင်းလက်ထဲက ရုပ်သေးလေးပါ။
မင်းချိုးချတဲ့ လက်တွေအတိုင်း ငါက ခန္ဓာတွေ ယိမ်းပြရတယ်။ တီးလုံးတွေက ပြုစားခြင်းရဲ့ ဒရမ်သံတွေလိုပါပဲ။
ဆူဆူကို ညံခဲ့တာလေ။
မင်းရဲ့ အဲဒီလို စိတ်တွေ ကဆုန်ပေါ်က်နေမူကြောင့် ကန္တထဲကနေ
တိမ်တွေကို မင်းမဖမ်းမိနိုင်ခဲ့တာပါကွယ်။
မင်းနူတ်ဖျားက တဖွဖွတော့ ပြောတတ်ပါရဲ့။
အရမ်းချစ်တယ်တဲ့။
ချစ်လေကွယ်။
ချစ်တာပဲ ချစ်ပေါ့။
ဒါပေမယ့် မင်းအချစ်တွေက ကြမ်းတယ်။
ကန္တထဲက သဲမုန်တိုင်းတွေလို.....။
YOU ARE READING
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Short Storyကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။