အဇ္ဈတ္တရိုင်း -၁

131 10 10
                                    

အဇ္ဈတ္တရိုင်း-မင်းဆက်ဝေ

# ၁

ဒီ​နေရာမှာ ကျွန်​​တော်​က အမှန်​တရား
အ​ကြောင်းကို သိပ်​ မ​ပြောချင်​ဘူး။ ဘာလို့ဆို အမှန်တရားဟာ ကျွန်တော်နဲ့
ဆက်စပ်မူမရှိတဲ့ ကောင်းကင်ဘုံမို့ပါပဲ....။ ပြီးတော့ အမှန်​တရားဟာ ကျွန်​​တော့်​အတွက်​တော့ H7N9လို ဆိုးသွမ်းတဲ့
ဗိုင်းရပ်​စ်​ တစ်​​ကောင်​ပါပဲ။

ကျွန်တော်ရဲ့ နူတ်က မှန်ကန်သော စကားကို မဆိုတတ်ဘူးလို့ လူအတော်များများက သိထားကြပါတယ်။ ဒီတော့ လူတွေဟာ
ကောင်းမွန်သော ကိုယ်ကျင့်တရားကို ဘဝ၏မျတ်နှာစာတစ်ခုအဖြစ် တလေး
တစား တန်ဖိုးထားတတ်ကြတယ်ဆိုတာကို လူသားအားလုံးက လက်သင့်ခံ
ထားကြတာပါပဲ။ အမှန်တရားတစ်ခုမှာကျတော့ လူတိုင်းဟာ လူတစ်​​ယောက်​ရဲ့ ​ကောင်းတဲ့ အရည်​အချင်းကိုသာ
သ​ဘောကျ​ပေမယ့်​ သူနဲ့တွဲပြီးပါ​လေ့ရှိတဲ့ အဆိုးကိုကျ​တော့ နှာ​ခေါ်င်းရှုံ့တတ်
ကျတယ်​။

အမှန်တရားကို လက်ခံသဘောကျတယ်ဆိုရင် လူတစ်ယောက်မှာ အကောင်းအဆိုးရှိနေတာကို လက်သင့်ခံရမယ်လေ။ အကောင်းကိုသာလက်သင့်ခံပြီး ၊ အဆိုးကို လက်သင့်မခံတာကြတော့ အမှန်တရား မဟုတ်ပါဘူး။ အဲလိုအဖြစ်မျိုးကို ကျွန်တော်က ဘဝတစ်လျှောတ်လုံး ကြုံဆုံနေရပြန်တာလည်း အမှန်တရားမဟုတ်ပြန်ပါဘူး။ ဒီတော့ အမှန်တရားဟာ ကျွန်တော်နဲ့ မဆိုင်ဘူးလို့ ကျွန်တော် သတ်မှတ်ထားခဲ့ပေမယ့် ခုတော့ အမှန်တရားဟာ ဘယ်လိုအရာလည်း ဆိုတာကို ကျွန်တော်ရှာဖွေကြည့်ချင်လာတယ်။

တွေ့ရှိမူတစ်ခုမှာတော့
အမှန်တရားဟာ မေတ္တာတရားဖြစ်နေတယ်။ ဒီမေတ္တာတရားကြီးဟာ လူကြီးသူမကို အလုပ်အကျွေးပြုရှာတယ်။ ညီအစ်ကို မောင်နှမတွေကိုလည်း စောင့်ရှောက်တယ်။ တူတွေ၊ တူမတွေကိုလည်း ချစ်မြတ်နိုးတယ်။ မုန့်ဖိုးတွေလည်း ပေးတတ်တဲ့အပြင် အစစ အရာရာလည်း ကူညီတယ်။ တစ်ခုပဲရှိတယ်မေတ္တာတရားရဲ့နေအိမ်ကသူနဲ့ဆွေးမျိုးသားချင်းအဖြစ်တောင် တကယ့်အစစ်အမှန်မှာ မတော်စပ်တာပါပဲ။ ဒါပေမယ့် မေတ္တာတရားဟာ မေတ္တာအရမ်းကြီးမားပါတယ်။ သူနဲ့ ဘာမှမတော်စပ်တဲ့ မိသားစုတစ်ခုအပေါ်မှာ စေတနာတွေထားပြီး လုပ်ကျွေးသမူ ပြုရှာတယ်။ အဲဒီမေတ္တာတရားဟာ ဘီယာအရက် လုံးဝမသောက်တတ်ဘူး။ ဒါဟာ မေတ္တာတရားနဲ့ပတ်သက်တဲ့ အမှန်တရားတစ်ခုလို့ ဒီနေအိမ်က လူအားလုံး က သိရှိထားကြတယ်။
ကျွန်တော်အတွက် အမှန်တရားကျတော့ ကျွန်တော်ဟာ မနက်ကိုးနာရီခွဲလောက်မှာ အိပ်မှုံစုန်မွှားနဲ့ နိုးထတယ်။ မျတ်နှာ ကမန်းကတမ်းသစ်တယ်။ ပြီးတော့သွားသင့်တယ်နေရာကို သွားတယ်။ ဒီတော့ အမှန်တရားတစ်ခုဖြစ်တဲ့ ရွှေအိုရောင် နေ့လေးတစ်ခုအကြောင်းကို ပြောပြမယ်။ ဒီလမ်းတွေကို စိတ်မဝင်စားခဲ့ပေမယ့် ဒီရွှေအိုရောင်နေ့လယ်ခင်း နွေနေပူကြီးထဲမှာတော့ စိတ်ရှိလက်ရှိ လျှောတ်ခဲ့တယ်။ အဖော်ငတ်မွတ်လှတဲ့ လူတစ်ယောက်အတွက် တစ်နာရီစာဟာ အဖိုးတန်ပါတယ်။ နွေသစ်သီးလေးကတော့ သိလိုက်မှာတော့ မဟုတ်ဘူး။ ကျွန်တော်သူကို ၁၀စက္ကန့်လောက် ကောက်စားလိုက်တယ်။ ဟော့.. ကြည့်လိုက်..ကျွန်တော်ဟာ မိုးပေါ်မြောက်တတ်နေတဲ့ကောင် ဖြစ်တယ်။



မှန်တစ်ချပ်ရဲ့ ရာဇ၀င်​Tahanan ng mga kuwento. Tumuklas ngayon