အဇ္ဈတ္တရိုင်း
အခန်း(၄)
ပြောရရင် ကျွန်တော်ကတော့ ကျွန်တော်ကိုယ်ကျွန်တော် ကွဲပြားခြားနားတဲ့ သတ္တဝါတစ်ကောင်လိုပဲ မြင်နေမိတာပါ။ ဘာလို့ဆို အချိန်မတန်ခင် ကျွန်တော်လမ်းပျောက်ခဲ့တယ်လေ။ ကျွန်တော် ကိုးတန်းကျောင်းသားဘဝမှာပေါ့။
ကျွန်တော်နေထိုင်ရာ ဒေါပုံမြို့ရဲ့ညနေခင်း အတော်များများမှာ ရုံးကအပြန် မူးလာမယ့် ကျွန်တော်ရဲ့အဖေကို ကားမှတ်တိုင်မှာ ကျွန်တော်သွားသွားစောင့်ခဲ့တယ်။ အဖေမူးတာဟာ ကျွန်တော်တို့မိသားစုအတွက် အထူးအဆန်းကိစ္စကြီး မဟုက်ပါဘူး။ လှိုင်သာယာမှာကတည်းက အဖေကနေ့စဉ်မူးနေကြပဲလေ။
ဒါပေမယ့် အဖေက ခင်မင်ဖွယ်ကောင်းတဲ့သူဖြစ်တာကြောင့် အဖေဘော်ဒါတွေက အဖေကို ချစ်ခင်ကြလွန်းတယ်။ ပြီးတော့ အဖေကို "တိုင်းမူး"လို့ ချစ်စနိုးခေါ်ကြတယ်။ ကျွန်တော် ရှစ်တန်းနှစ်မှာတော့ ကျွန်တော်မွေးဖွားရာဇာတိဖြစ်တဲ့ ဒီဒေါပုံမြို့ကို ပြန်ပြောင်းလာခဲ့ကြတယ်။ ဒေါပုံဟာ ကျွန်တော်တို့အတွက်တော့ ပတ်ဝန်းကျင်အသစ်စက်စက်ကြီးတစ်ခုပေါ့။
အဲဒီအချိန် အဖေကို ကျွန်တော်သွားကြိုရတဲ့ အကြောင်းရင်းက လမ်းပေါ်မှာ အဖေမူးပြီးအိပ်ပျောနေမှာကို စိုးရိမ်ကြလို့ပါပဲ။ လှိုင်သာယာမှာက အကြောင်းမဟုတ်ပါဘူး။ အဖေ မူးပြီး လမ်းဘေးအိပ်ပျော်နေရင်လည်း အမေ့မျက်နှာ၊ အဖေမျက်နှာကြောင့်မို့ အိမ်လာပို့မယ့်လူတွေချည်းပါပဲ။ အခုကတော့ ဘယ်သူမှ လာပို့ပေးနိုင်မှာ မဟုက်ဘဲလေ။
ကျွန်တော်တို့က အဖေဘယ်လောက်မူးနေပါစေ၊ အဖေကို အရမ်းချစ်ကြပါတယ်။ အဖေ့ကို အားကိုးစရာသူရဲကောင်းတစ်ယောက်အဖြစ်ပဲ ကျွန်တော်တို့ ရှုမြင်ခဲ့ကြပါတယ်။
အဖေက အရက်မူးသမားတစ်ယောက်ဆိုပေမယ့် ယဉ်ကျေးမူကင်းမဲ့လွန်းတဲ့ လူတစ်ယောက် မဟုတ်ရပါဘူး။ သူ ဘယ်လောက်မူးနေပါစေ လူကြီးမိဘ၊ သားသမီး၊ ပက်ဝန်းကျင်နဲ့ အပေါ်င်းအသင်း မည်သူ့ကိုမျှ အော်ဟစ်ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြုမူခြင်းတွေ ဘယ်တော့မှ မရှိခဲ့ပါဘူး။ ကျွန်တော်တို့အပေါ်မှာလည်း တစ်ကိုယ်ကောင်းဆန်စိတ် ဘယ်တော့မှ မထားခဲ့ပါဘူး။
ကျွန်တော်အဖေက ရုပ်ကလေးတော့ နည်းနည်းဆိုးတယ်။ အဆိုတော် စိုင်းထီးဆိုင်နဲ့ မျက်နှာပေါ်က်ချင်း ဆင်တယ်။ နူတ်ခမ်းမွှေး စစနဲ့။ ပြောမယ့်သာပြောတာပါ။ ရုပ်တင်မကပါဘူး အသံလည်း အတော်တူပါတယ်။ အဖေကိုယ်တိုင်ကလည်း စိုင်းထီးဆိုင် ခရေဇီ။
ဂီတာတီးပြီး သီချင်းဆိုရင် ကိုယ်တစ်ယောက်တည်းကြောင့်မဟုက်ဘူး၊ မေမြို့မိုး၊ အဖေရောက်တဲ့အခါ ပြန်နိုးပါ၊ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်၊ တစ်ယောက်တည်း သိတယ် စတဲ့သီချင်းတွေဆို နားထောင်လို့ အရမ်းကောင်းတာပါပဲ။
တစ်ခါတစ်လေ ဦးခင်ဝမ်းသီချင်းလေးတွေညည်းတယ်။ သူ့နောက်ဆုံး ညည်းသွားတာက နူတ်ဆက်ခဲ့ပါတယ်ဆိုတဲ့ သီချင်း။ ကျွန်တော် အိမ်ရှေ့ဝမှာ ရပ်မိတိုင်း အဲဒီသီချင်းသံကို အမြဲကြားခဲ့ရတယ်။
နူတ်ဆက်ခဲ့ပါတယ်....
ကျွန်တော်သွားတော့မယ်...
လမ်းရဲ့သယ်ဆောင်ရာ ဟိုး...အဝေးကို...အဝေးကို....တော်သေးတာပေါ့ ။
အဖေမှာကဖြင့် နူတ်ဆက်ရမယ့် သူတွေ၊ နူတ်ဆက်ရမယ့် သီချင်းတွေ ရှိသေးတယ်။
ကျွန်တော်အလှည့်မှာတော့ ကြက်ပျောက်ဌက်ပျောက်ကို ဖြစ်ကုန်ကြတော့တာပါပဲ။
BẠN ĐANG ĐỌC
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Truyện Ngắnကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။