စနစ်မရှိသောဝါကျများ-၂
(၂)ဒီလိုနဲ့...
ငါ.....
စတီဖင်ဟော့ကင်းရေးတဲ့ စာအုပ်တစ်ချို့ကိုဖတ်မိခဲ့တယ်။
မသန်စွမ်းတဲ့ လူတစ်ယောက်ဟာ
ဝှီးချဲပေါ်မှာထိုင်ပြီး စကြာဝဠာထိရောက်အောင်
ဘယ်လိုများ တွေးတောခဲ့ပါလိမ့်...။ စာအုပ်တွေဟာ ဟော့ကင်းရဲ့အဖော်ဖြစ်တယ်။
Black hole ဆိုတဲ့ တွင်းနတ်ကြီးတွေ၊
ကြယ်သေတွေ၊ ဂြိုလ်၊ နက္ခတ်တွေ
အဲလိုတွေးနိုင်ဖို့ ဟော့ကင်းဟာ စာတွေ အများကြီးဖတ်ခဲ့တယ်။ စာဖတ်ခြင်းဟာ သူ့အတွက် အသုံးဝင်ခဲ့တယ်။ ငါ့မှာတော့ စာတွေအများကြီးဖတ်ပြီး ဘာဆိုဘာမှ အသုံးမကျတဲ့ လူယုတ်မာတစ်ယောက်အဖြစ်နဲ့ အချစ်ရဲ့ဗဟိုချက်မအကြောင်းချည်း တွေးနေဖြစ်တယ်။ငါ့ဘဝက အဆင်မပြေခဲ့ပါဘူး။ အဆင်ပြေသလိုထင်ယောင် ထင်မှားဘဝထဲ ငါ့လိပ်စာ ငါရှာဖွေနေရတုန်းပဲ။ ခဲတံကလေးလို့ သူ့ကိုယ်သူ သတ်မှတ်လိုက်တဲ့ ကောင်မလေးရဲ့ ဖန်လွန်းတဲ့ လဖ္ဘက်ခြောက်ဟာ ငါဖြစ်တယ်။ ရေနွေးထဲ သူ ငါ့ကိုခပ်ပြီးနောက်၊ သူ ပြန်သွန်ချလေမလား။ ငါ့စိတ်တွေ ဇဝေဇဝါနဲ့ ခြင်ထောင်ထဲမှာ ကြောင်တောင်တောင်နဲ့ ဆွေးတယ်။
အတိတ်ကို ပြန်ကြည့်တော့လည်း
အသဲကွဲဒဏ်ရာ ခပ်များများနဲ့
မိုးတွေ အုံ့ဆိုင်းခဲ့တယ်။ ပင်လယ်ကမ်းစပ်တစ်ခုကို ငါထွက်သွားချင်တယ်။ ကလေးတစ်ယောက်လို အကျယ်ကြီးအော်ပစ်ပြီး လှိုင်းတွေကြားမှာ ငါ ခဏလောက်ကစားချင်တယ်။ မာယာများတဲ့ ပင်လယ်။
သူ့မာယာတွေကို ဘီယာတစ်ပု လင်းနဲ့ ငါ ထိုင်မြည်းမယ်။
ခဲတံမကလေးရေ..ငါ့မာန်စွယ်တွေ ကျွတ်ကျခဲ့ပေါ့။ မင်းအတွက်ပေါ့ကွယ် သဲတို့နဲ့ အိမ်လေးတစ်လုံးဆောက်ကြည့်တယ်။ လောကရဲ့ စည်းမျဉ်း၊စည်းကမ်း၊ တားမြစ်ချက်တွေနဲ့၊ ဒီအိမ်ကလေး လွင့်စင်သွားတယ်။
ဘာမှမတွေးနဲ့လို့တော့ မပြောပါနဲ့ကွယ်။ ရင်ဘတ်တစ်ဆုံး ထုတ်ချင်းဖောက်ခံထားရတဲ့ကောင်ပါ။ နာတာကို မအော်ရဲဘူး။ လူတွေကဝိုင်းရယ်ကြမှာ။ အမှားလုပ်ထားတဲ့ကောင်အတွက် ဘယ်ဥပဒေကမှ ခွင့်လွှတ်စရာအကြောင်းမရှိပါဘူး။ ငါ ရှက်ရွံစွာနဲ့ပဲ ငါ့ကိုယ်ငါ ပြစ်ဒဏ်ခဲ့လိုက်တယ်။ ငါ့အတွက်နေရာတစ်ခုကို ငါ့ဟာငါ စွန့်လွှတ်ပစ်လိုက်တယ်။ ငါ့နာမည် ရာဇဝင်ထဲကျန်ခဲ့လည်း အဲဒီနေရာကို ငါလုံးဝ ပြန်မလှည့်ဘူးဆိုတာ ယုံတော့ကွယ်။
ချွင်းချက်။ ။ ခဲတံမလေးနဲ့ အကြောင်းဖန်ခဲ့ရင်တော့..........။
YOU ARE READING
မှန်တစ်ချပ်ရဲ့ ရာဇ၀င်
Short Storyကျွန်တော်ရဲ့မော်ဒန်ဝထ္ထူတိုလေးတွေပါ။ ဖတ်ကြည့်စေချင်မိပါတယ်။