မင်းဘက်က ထောင်သောင်းများစွာသော ဆန္ဒတွေကို
ကိုယ့်ကိုပြောပြလိုက်ရုံနဲ့ ကိုယ်အားလုံး ဖြည့်ဆည်းပေး
နိုင်တယ် !! တခုပဲ ကိုယ်လိုချင်တာက မင်း ပဲ ။Only You ✔
__________________________________
C o m e_ A n d_ F i n d _M e
"တွဲ ကြ ရ အောင် "
တည် ငြိမ်သည်ဆိုထာထက် အေးစက်သည် ဆိုသည့်
အသုံးအနှုန်းကသာ သင့်လျော်ပေလိမ့်မည်ထင်သည်။
လူနှစ်ဦးကြား ချစ်ခြင်းမေတ္တာကို အခြေခံကာဖွင့်ပြော
နေခြင်းမှာ သေချာပေါက် မျက်နှာထက် ချစ်ခြင်းတွေ
အပြည့်နေရာယူနေရမည်မဟုတ်လား လို့ ကြောင်
တောင်တောင်အတွေးက ကျွန်တော့်အတွေးထဲဝေ့
လည်ရိုက်နေသည် ။"မဖြစ်နိုင်တာကြီးကို !! "
သူ နှင့် ကျွန်တော့်ဘေးပတ်လည်မှာ ဝိုင်းနေသည့်
သူ၏ မိန်းကလေးတွေကြား ပီပီသသထွက်ပေါ်လာ
သည့်စကားကို ကျွန်တော်သည်လဲ တစ်ရာ ရာခိုင်နှုန်း
အပြည့်ထောက်ခံသည် ။ သို့သော် ရှေ့တင်က အကြည့်
စူးစူးက ဖြစ်နိုင်နေသည်လို့ အတပ်ပြောပြနေဟန်ပေါက်
သည် ။တက္ကသိုလ်ဝင်းထဲက မိန်းမဟူသော လူသားမှန်သမျှ
လိုချင်နေသော အိုဆယ်ဟွန်း အမည်ရှိ ဤလူသားက
ကျွန်တော်ဆိုသော လူမသိသော သူအား အဖတ်လုပ်
စကားပြောခြင်းကိုကပဲ တက္ကသိုလ်ဝင်းထဲက မိန်းမတွေ
မေ့လဲ ကုန်ကျနှင့်ပြီ ။"ဘာမဟုတ်တဲ့ ဒီအကောင်ကို ! "
Hoodie အပြာရင့်ရောင်နှင့် မျက်နှာဖုံးလုမတတ်
စွပ်ထားသည့်ခေါင်းစွပ်က အကျဉ်းတန်နေစေသည် ။
ရင်ဝယ်ထဲဝယ် အရောင်ဖြော့စပြုနေသော ဂျင်းပြာ
ရောင် ကျောပိုးအိတ်ကလေးကို လက်နှစ်ဖက်နဲ့ တုန်
တုန်ရီရီ ဖက်တွယ်ထားမိသည် ။
