ဒီနေ့က ဆယ်ဟွန်း၏မွေးနေ့ ။ သူ့မွေးနေ့ပါတီကို
သူ့ဘက်ကခေါ်သော်လည်း မလိုက်သူက ကျွန်တော်။
သူသည်လဲအလိုက်တသိ လက်ခံသည်။ ည၉နာရီပင်
ထိုးနေပြီ။မွေးနေ့ပွဲမပြီးသေးဘူးလားမသိ။ညနေထဲက
စတဲ့ပွဲကအခုထိမပြီးသေး။ သူ့မှာမလှမ်းမကမ်းက
စားပွဲပေါ်မှာတင်ထားတဲ့ လက်ဆောင်ဘူးလေးကို
လှမ်းလှမ်းကြည့်ဖြစ်သည်။ ကိုယ့်မုန့်ဖိုးထဲကစုဝယ်
ထားတဲ့လက်ဆောင်ပစ္စည်း။သူသာသိရင် စိတ်ဆိုး
မှာအသေအချာ။ ဒါပေမဲ့လဲ သူ့မွေးနေ့မဟုတ်လား။
ကိုယ့်မွေးနေ့တုန်းကသူ့ဘက်က အများကြီးပြင်ဆင်
ပေးခဲ့တာ အခုကိုယ့်အလှည့်ရောက်တော့ လက်ဆောင်
ပစ္စည်းလေးလောက်တော့ပေးသင့်သည်မဟုတ်လား။
အထူးသဖြင့် ကိုယ်ပေးတဲ့နာရီလေးကို သူ့လက်မှာ
ဝတ်ထားတာမြင်ရမှာကိုတွေး၍ပိုပျော်မိသည်။"မင်ဆော့ရား !! မင်းဖုန်းဖွင့်ကြည့်စမ်း
အိုဆယ်ဟွန်း ကတော့တကယ့်ကို
သတ္တိရှိတာပဲ !မင်းတို့နှစ်ယောက်အကြောင်း
တွေသူထုတ်ပြောလိုက်ပြီ "အိုဆယ်ဟွန်း ပြန်မလာသေးလို့ ပတ်ဂျင်ဝူးတယောက်
အဖော်လာလုပ်ပေးနေသည်။အဖော်လုပ်စကားပြော
ပေးတာကတခွန်းစနှစ်ခွန်းစ ၊သူ့ဘာသာဆိုအာနဲ့ဖုန်း
ပြောနေသည်ကတစ်နာရီနှစ်နာရီ။ အခုလဲဖုန်းသုံးပြီး
တအံ့တသြထအော်ပြန်သည်။ သူမပြောလဲ သည်နေ့
ပွဲမှာအကုန်ထုတ်ပြောမည်လို့ ဆယ်ဟွန်းကပြောပြ
ပြီးသား။" ဘယ်သူတွေဘာပဲပြောပြော
လုံးဝ မကြောက်သွားနဲ့နော်!!
မင်းကိုမယုံပေမဲ့ အိုဆယ်ဟွန်းကိုငါယုံတယ်"အဆိုးဘက်ကရေးထားတဲ့မန့်တွေကိုဖတ်ပြီးဂျင်ဝူးက
ဘေးပနေတတွတ်တွတ်တရားဟောသေးသည်။
'မင်းကိုမယုံပေမဲ့ အိုဆယ်ဟွန်းကိုငါယုံတယ်´ဆိုတဲ့
စကားကြောင့်မင်ဆော့အသံတိတ်ဆဲပစ်လိုက်သည်။
ထိပ်တိုက်တွေ့ကြရင်သာမတည့်ကြတာ နောက်ကွယ်
မှာကျတော့ အကောင်းပြောကြသား။ အိုဆယ်ဟွန်းလဲ
ဘာထူးလဲ။ဂျင်ဝူးနဲ့မျက်နှာချင်းဆိုင်ရင် အကောင်းကို
တစက်ကလေးမှမပြော။နောက်ကွယ်ကျရင်တော့
ဂျင်ဝူးအကြောင်းအကောင်းပြောသည်။
