"ပျောက်ကွယ်သွားပေးစမ်း!!
ငါ့သားအနားကနေထွက်သွားပေး
မင်း သူ့ကိုဒုက္ခမရောက်စေချင်ဘူးဆိုရင်ပေါ့"ထိုစကားလုံးတွေ၏ထိုးနှက်ချက်သည် ပြင်းထန်လှ
သည်။ ကျွန်တော် သူ့ကို လက်လွတ်ပေးချင်ပစ်
လှအောင် အစွမ်းရှိသည် ။ တတိတိနဲ့ဆွေးဆွေးမြည့်
မြည့်ခံစားရလောက်အောင် ထိရောက်သည်။ကျွန်တော့်အနားမှာသူရှိနေပါလျက်၊ကျွန်တော့်လက်ကို
သူဆုပ်ကိုင်ထားပါလျက်၊ကျွန်တော့်အားကြင်ကြင်နာ
နာမျက်လုံးတွေနဲ့ကြည့်နေပါလျက်နှင့် ကျွန်တော့်ရင်
ဘတ်အားထိုစကားလုံးတွေကမြှားတစင်းနှယ်ထိုးစိုက်
မိနေသည်။"အ့!! ကိုယ် အခန်းတံခါးနဲ့ဝင်တိုက်မိခဲ့တာ"
ပုခုံးတဖက်ကို လက်နဲ့ဖိထားကာ အပြုံးသဲ့သဲ့နှင့်လိမ်
ညာပြောလာတဲ့သူ့စကားကြောင့် ကျွန်တော်သူ့အား
မအော်ဟစ်မိအောင်ထိန်းထားလိုက်ရသည် ။
အရိုက်ခံရလို့ နာနေတဲ့ဒဏ်ကို ကျွန်တော်ရှေ့မှာမို့
သူဟန်ဆောင်လိမ်ညာနေသည်၊ အရင်ကကော?
အရင်ကကော သူအဆင်ပြေသလိုပုံစံမျိုးနဲ့ကျွန်တော့်
ရှေ့မှာဟန်ဆောင်နေခဲ့ဖူးသလား?"နာနေလား?ဆေးထည့်ပေးရမလား"
"ရတယ်! ဒီလောက်ကတော့ကိုယ်ခံနိုင်ပါတယ်"
လက်တဖက်ကို အရှေ့အနောက် လွှဲမြောက်ကာ
သက်သာသယောင်ဆောင်ပြနေသည့်သူ့ကိုကျော
ခိုင်းလိုက်မိသည် ။ တခုထဲမဟုတ်တဲ့ဒဏ်ရာတွေကို
မြင်မှာစိုးလို့သူဖုံးဖိနေမှန်းကျွန်တော်သိသည်။"ဆယ်ဟွန်း!! ငါ မင်းကိုချစ်တယ်ဆိုတာ
သိတယ်မဟုတ်လား?"သူ့ဆီက သဘောတကျပြုံးရယ်လာတဲ့အပြုံးတွေကို
မလွတ်တမ်းလိုက်ကြည့်နေမိသည် ။ မင်း ရဲ့အပြုံး
တွေနဲ့ငါမှမဝေးချင်တာ ဆယ်ဟွန်းရယ်။
သူ့ရင်ခွင်အားတိုးဝင်ကာ သူ့ခါးကိုတိုးဖက်ထားမိသည်။
သူကတော့ကျွန်တော့်အပြုအမူမှာ အံ့သြကောင်းအံသြ
နေလိမ့်မည်။
