Come_And_Find_Me
Hey Baby!!
မင်းဘက်က ထောင်သောင်းများစွာသော ဆန္ဒတွေကို
ကိုယ့်ကိုပြောပြလိုက်ရုံနဲ့ ကိုယ်အားလုံး ဖြည့်ဆည်းပေး
နိုင်တယ် !! တခုပဲ ကိုယ်လိုချင်တာက မင်း ပဲ ။Only You ✔
_________________________________
ပြသာနာအကြီးကြီးဆိုသည်က ကျွန်တော့်ဆီဆိုက်
ရောက်လာသည် ။ ဒီနှစ်သည် ကျွန်တော့်အားကံဆိုး
မှုတွေချည်းဆောင်ကြဉ်းလာသည်ထင်ရသည် ။ကျွန်တော် အခုထိဘယ်လိုဆုံးဖြတ်ချက်မျိုးမှမချ
ရသေး ။ သေချာတာတခုကတော့ ကျွန်တော်ဒီအခန်း
ကမဖယ်ပေးနိုင်ပါ ။အခုလက်ရှိမှာ ကျွန်တော် တိုက်ခန်းပိုင်ရှင်သူဋ္ဌေး၏
စားသောက်ဆိုင်ရှေ့ရောက်နေသည်။ ကျွန်တော်
တတ်နိုင်တာတခုကတော့ တောင်းပန်ကြည့်ကြမှာပါ
ဘဲ ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီအခန်း ငှါးပေးပါလို့။တီ~~♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ✆
လွယ်အိတ်ထဲက ဖုန်းကား မြည်လာပြန်သည် ။
ပတ်ဂျင်ဝူးပင် ၊ မနက်ကတခါ ဘတ်စ်ကားမှတ်တိုင်
မှာ ကျွန်တော့်ကိုတခါဖုန်းဆက်သေးသည်။
ကျောင်းမလာနိုင်တော့ဘူးလို့သာ ပြောလိုက်ရသည်။
ကျွန်တော့်ကြောင့် ဂျင်ဝူးကိုလဲဒုက္ခမပေးချင်ပါ။
အတတ်နိုင်ဆုံးတော့ သူဋ္ဌေးကိုတောင်းပန်ကြည့်
ရမည် ။"အင်း...ဂျင်လေး ..ပြော"
"ပြော...ဆော့လေး...မင်း နေမကောင်းလို့
ကျောင်းမတက်တာမဟုတ်မှန်းငါသိတယ်"ပ
တ်ဂျင်ဝူးက ကျွန်တော်၏သူငယ်ချင်းကောင်းပီသ
သည် ။ ကျွန်တော် အရိပ်အခြေကြည့်တတ်သူဖြစ်
သည် ။ ဂျင်ဝူးကို ကျွန်တော်ဘာတခုမှလိမ်လို့မရ။
မတတ်သာသည့်အဆုံး လက်ရှိအခြေအနေကိုသာ
ပြောပြလိုက်ရသည် ။
![](https://img.wattpad.com/cover/127646000-288-k205211.jpg)