စာသင်နှစ်ပြီးဆုံးဖို့ တစ်လလောက်သာလိုတော့သော
အချိန်သို့ရောက်လာခဲ့တော့သည် ။ကျောင်းသွား.ပြီး
သွားရင် အလုပ်ဝင်ရတော့မည်ကိုတွေးတိုင်း ပျော်
သွားရသည် ။ကုမ္ပဏီတခုမှာအလုပ်ဝင်ရဖို့ ကြိုးစား
ရမည်။ဤသည်က ရည်မှန်းချက်တခု။ ရသမျှလခ
လေးနှင့် အဒေါ်ကိုလဲ ပြန်ကြည့်ရှူကူညီပေးရမည်။ယခုတွင်တော့ ဖြေရတော့မည့်စာမေးပွဲအတွက်
အားကြိုးမာန်တက်ကြိုးစားနေရသည် ။ အချိန်ပိုင်း
အလုပ်ကပြန်လာတာနှင့် စာကြည့်ရသည် ။အိုဆယ်ဟွန်းကတော့ အရင်ကထက် တွေ့ချိန်နည်း
လာသည်။ အခုရက်ပိုင်း အိုဆယ်ဟွန်းတယောက်
အလုပ်တွေအရမ်းရှုပ်နေပုံရသည် ။ ကျောင်းကို
နေ့လည်ပိုင်းမှရောက်လာတာမျိုး ၊ တခါတလေတနေ့
လုံးပေါ်မလာဘဲ ည၇နာရီလောက်မှတိုက်ခန်းကို
ရောက်ချလာတတ်သည် ။ ပင်ပန်းနေသောမျက်နှာ၊
ဖျော့တော့သောအပြုံးတို့နှင့် အိုဆယ်ဟွန်း ရောက်
ရောက်လာတတ်သည် ။"ပင်ပန်းနေလား "
လို့ ကျွန်တော်မေးလိုက်တိုင်း အိုဆယ်ဟွန်းက
ပြန်လည်ပြုံးပြကာ"ကိုယ့်ကိုဖက်ထားပေး"
လို့တောင်းဆိုတတ်သည် ။ အစပိုင်းမှာ သူ့ဘက်က
သည်လိုတောင်းဆိုလာတိုင်း အင်တင်တင်ဖြစ်ခဲ့သေး
သည် ။ ထိုအခါက သူ့ဘက်ကပဲ ကျွန်တော့်ကိုဖက်
ထားခဲ့သည် ။ ကျွန်တော့်ဆံပင်တွေကြားမျက်နှာအပ်
ကာတဖွဖွငုံ့နမ်းတတ်သည် ။ သူ့ဘက်က နေ့စဉ်နေ
တိုင်းဖက်ထားပေးပါလို့တောင်းဆိုဖန်များလာတော့.
ရှက်ရွံ့ မနေတော့။ပင်ပန်းလာတဲ့သူ့ကို ဖက်ထားပေး
ချင်မိသည် ။ စိတ်ညစ်လာတဲ့သူ့ကိုဖက်ထားပေးပြီး
နှစ်သိမ့်ပေးချင်သည် ။ သူ့ကျောပြင်ကိုတဖွဖွပုတ်ကာ
'အဆင်ပြေသွားမှာပါ'လို့နှစ်သိမ့်လိုက်တိုင်းသူက
ခေါင်းကိုတရစပ်ညိတ်ပြတတ်သည်။တခါတလေ
အိုဆယ်ဟွန်းက ကလေးဆိုး ။
