ကျွန်တော့်မျက်စိရှေ့ကမြင်ကွင်းက ကျွန်တော့်ကို
မျက်မှောင်ကြုတ်လာစေသည်။ ဒေါသတွေထွက်လာ
အောင်ထိုးစွပေးနေသည် ။ အံကြိတ်ထားမိသည်။
မနေ့ကမှ သူ့ကိုယုံကြည်ပြီးလိုက်ခဲ့ပေးပါလို့ စကားလုံး
လှလှတွေသုံးသွားတဲ့ အိုဆယ်ဟွန်းက လက်ရှိမှာ
မိန်းကလေးတယောက်နဲ့အတူ နှစ်နှစ်ခြိုက်ခြိုက်ကြီး
ပြုံးရယ်နေသည် ။ထိုမိန်းကလေးက အိုဆယ်ဟွန်းလက်မောင်းကို ဖြန်း
ခနဲအသံထွက်သွားအောင်ပင်ရိုက်လိုက်ပေမဲ့
အိုဆယ်ဟွန်းက ရယ်မောနေဆဲပင်။ ထိုမြင်ကွင်း
ကြောင့်မင်ဆော့အံကြိတ်ထားမိသည် ။ကျောင်းဝန်းကြီးထဲမှာ အိုဆယ်ဟွန်းကဘယ်လိုအချိုး
တွေလာချိုးပြနေတာလဲ ။ ဘာလဲ။ သူကျွန်တော်နဲ့
ပြတ်ချင်လို့နောက်တယောက်နဲ့တွဲပြတော့မှာလား။
ထိုသို့စဉ်းစားလိုက်မိတာနဲ့ ရင်ထဲမှာဟာခနဲခံစားလိုက်
ရသည်။ခံစားချက်က မျက်ရည်စို့ချင်အောင်စွမ်းသည်။စာအုပ်ကိုဆုပ်ကိုင်ထားသည့်လက်တို့ကတင်းကြပ်
လာသည်။ အကြောတွေပေါ်လာအောင်ပင်ဆုပ်ထား
မိသည် ။ အိုဆယ်ဟွန်းရဲ့အနည်းငယ်ပွလန်နေတဲ့ဆံပင်တွေကို
ထိုမိန်းကလေးသပ်တင်ပေးလိုက်ချိန် မင်ဆော့
အောက်နူတ်ခမ်းကိုသွားနဲ့ဖိကိုက်လိုက်မိသည် ။
သွေးတို့ရဲ့အရသာကိုခံစားရလိုက်သည် ။ ခြေလှမ်း
ဆယ်လှမ်းလောက်အကွာမှာ မတ်တပ်ရပ်ပြီးရယ်မော
နေကြတဲ့ သူတို့နှစ်ယောက်။မင်းက ရည်းစားရှုပ်တဲ့အိုဆယ်ဟွန်းဆိုတာမေ့ပြီး
ငါချစ်မိသွားတာပဲ။ထိုမိန်းကလေးနှင့် အကြည့်ချင်းစုံသွားခိုက် မင်ဆော့
လဲအကြည့်မလွှဲပစ်ခဲ့။တွေ့ဖူးသလိုလိုရှိနေတဲ့သူမက
လှသည်။ တည်တည်ငြိမ်ငြိမ်ပုံစံမျိုးက အိုဆယ်ဟွန်း
အကြိုက်တဲ့လား။ အိုဆယ်ဟွန်းက သူမရှေ့မှာလွတ်
လွတ်လပ်လပ်ကိုရယ်မောနေသည်။ထို့နောက်သူမက
ကျွန်တော့်ကိုမြင်မြင်ချင်း မျက်လုံးလေးဝိုင်းသွားကာ
အိုဆယ်ဟွန်းကို ကျွန်တော့်ရှိရာဘက်ကိုမေးငေါ့ပြ
လိုက်သည်မို့ကျောခိုင်းလှည့်ထွက်လာမိသည်။
ကျွန်တော်ရင်မဆိုင်ရဲပါ ။ သူမက သူ့ရဲ့ ဆယ့်နှစ်
ယောက်မြောက်သောရည်းစားအဖြစ်မိတ်ဆက်ပေး
လာမှာကိုကျွန်တော်ကြောက်သည်၊ ထိုနေရာကနေ
ဝေးရာကိုရောက်အောင် ခြေလှမ်းတွေကိုမြန်မြန်လှမ်း
လိုက်မိသည်။ ပါးထက်ကိုစီးကျလာသောမျက်ရည်
တို့က ကျွန်တော် အိုဆယ်ဟွန်းကိုဘယ်လောက်
ချစ်သွားခဲ့မိကြောင်းသက်သေပြနေလေသည်။
