>> F I V E <<

10.2K 1K 4
                                        

Come_And_Find_Me

Hey Baby!!

မင်းဘက်​က ​ထောင်​​သောင်းများစွာ​သော ဆန္ဒ​တွေကို
ကိုယ့်​ကို​ပြောပြလိုက်​ရုံနဲ့ ကိုယ်​အားလုံး ဖြည့်​ဆည်း​ပေး
နိုင်​တယ်​ !! တခုပဲ ကိုယ်​လိုချင်​တာက မင်း ပဲ ။

Only You ✔

_________________________________

ည ကိုး နာရီ ။

ကျွန်​​တော်​ ဒီ​နေ့ကစလို့ အချိန်​ပိုင်းအလုပ်​ စရပြီ ။
ဂျင်​ဝူးရဲ့ဦး​လေး ​ကော်​ဖီဆိုင်​မှာ ဒီ​နေ့ကစ အလုပ်
ဆင်းရတာ​ကြောင့်​ ​နေ့တိုင်း ညကိုးနာရီမှကျွန်​​တော်
အိမ်​ပြန်​​ရောက်​​တော့မည်​ ။ ​ကျောင်းတက်​ရက်​မှာ
ည​နေပိုင်းက​နေ ညကိုးနာရီထိ ။ ပိတ်​ရက်​ဆိုရင်
တော့တ​နေ့လုံးနီးပါးပင်​ ။ ဂျင်​ဝူးရဲ့မိသားစုမှန်​သမျှ
ကျွန်​​တော့်​အသိ​တွေလိုဖြစ်​​နေတာ​ကြောင့်​ အဆင်
ပြေသွားသည်​ ။

အ​ဒေါ်ဆီက ကျွန်​​တော်​လက်​ဖြန့်​မ​တောင်းချင်​​တော့
ပါ ။ သူ့မှာလဲ သူ့မိသားစုစားဝတ်​​နေ​ရေးနှင့်​သူမို့ ။
ကျွန်​​တော့်​အခန်းခအတွက်​ ကျွန်​​တော့်​ဘာသာပဲ
ရှာ​ဖွေ​တော့မည်​ ။ လွန်​ခဲ့​သော နှစ်​နှစ်​​လောက်​က
မေ​မေ ကျွန်​​တော့်​​နားမှာထွက်​ခွာသွားခဲ့သည်​​နောက်
အ​ဒေါ့်မိသားစုကသာ ကျွန်​​တော်​၏အားကိုးရာ ။

လမ်းကြားထဲအဝင်​ လိ​မ္မော်​သီးဆိုင်​က အ​ဒေါ်ကြီး
က ​နောက်​ဆုံးပိတ်​မို့ ​ဖော​ဖောသီသီနဲ့​ရောင်း​ပေး
သွားတဲ့ လိ​မ္မော်​သီးအိတ်​ကိုဆွဲကာ ကျွန်​​တော်​​ခြေ
ကားထစ်​​တွေကို တလှမ်းချင်းစီတက်​လာလိုက်​သည်​။

ဒီ​နေ့ ကျွန်​​တော်​ပင်​ပန်းခဲ့သည်​ ။

ရေ​အေး​အေးနှင့်​သာ ​ရေချိုးရတာ​ကြောင့်​ ခိုက်​ခိုက်​တုန်
အောင်​ချမ်းလွန်းလို့ ကျွန်​​တော်​ အိပ်​ယာခင်းကာ
တစ်​ကိုယ်​လုံးကို ​စောင်​နဲ့လုံး​ထွေးကာ အိပ်​ပစ်​လိုက်
သည်​ ။

Come And Find MeWhere stories live. Discover now