ဒယ်ဒီရဲ့ လှလှပပကြီးအကြပ်ကိုင်ထားမူကြောင့်
အိုဆယ်ဟွန်းဟာ နှစ်ဖက်မိဘတွေ့ဆုံပွဲလို့ခေါင်းစဉ်
တပ်ထားတဲ့စိတ်ပျက်စရာကောင်းတဲ့နေရာကိုရောက်
နေသည် ။ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဘင်မီ
ဆောင်းဆိုသည့်မိန်းမအား မျက်လုံးချင်မဆိုင်မိအောင်
နေသည်။တကယ်လို့များထိုမိန်းမနဲ့မျက်လုံးချင်သာ
ဆုံမိခဲ့လျှင် အိုဆယ်ဟွန်းဟာ သည်နေရာတခုလုံးကို
ဆူညံပွတ်လောရိုက်အောင်လုပ်ပစ်မိလိမ့်မည်။စီးပွားရေးဆန်ဆန်တွေ့ဆုံမူကြီးဟာ နှစ်ဦးနှစ်ဖက်
ရှေ့လျှောက်လက်တွဲလုပ်မည့်အလုပ်ကိစ္စတွေကိုသာ
တိုင်ပင်ဆွေးနွေးရင်း စကားစမပြတ်နိုင်ကြလောက်
အောင်ဖြစ်နေသည် ။မရှည်လှသောစိတ်အားဆွဲဆန့်ရင်း ထိုနေရာတွင်
သူထိုင်နေရသည် ။ မာမီသည်လဲ တဖက်ကဘင်မီ
ဆောင်းရဲ့မာမီနဲ့ စကားလက်ဆုံကျနေသည်။
အမျိုးသမီးမိခင်နှစ်ယောက်တွေ့ဆုံလျှင်သားသမီး
တွေရဲ့တော်ကြောင်းတတ်ကြောင်းတွေကိုသာ
အသက်မရှူတမ်းပြောနိုင်ကြသည်။"ဆယ်ဟွန်းကို လာတွေ့ချင်ပေမဲ့
မီဆောင်းက အခုတလော အလုပ်ကိစ္စတွေနဲ့
ရှုပ်နေတာလေ"ဘင်မီဆောင်းက စကားစပြောလာတော့ မာမီရဲ့
အာရုံကသူတို့ဘက်ကိုရောက်လာတာမို့အိုဆယ်ဟွန်း
စိတ်ပျက်သွားသည်။"သမီးက အလုပ်ရှုပ်နေတာလေ
သားနဲ့တွေ့ချင်ပါတယ်လို့ပါးစပ်ကသာ
တဖွဖွပြောနေပေမဲ့ မလာနိုင်ဘူးလေ"ဘင်မီဆောင်းရဲ့မာမီကပါ သူတို့ဘက်လှည့်လာ
သည်။သူမကသမီးဖြစ်သူရဲ့ခေါင်းကိုတဖွဖွပုတ်လိုက်
ရင်းအပြုံးသဲ့သဲ့နှင့် အိုဆယ်ဟွန်းဘက်ကိုကြည့်ပြော
လာသည်။သို့ပေမဲ့ အိုဆယ်ဟွန်းကတော့ရိုသေမူနှင့်
ခေါင်းပင်တချက်ညိတ်မပြ။
