"တောင်းပန်ပါတယ် __ ငါ ငါ
မှားသွား ခဲ့တာ ငါ ____"ငိုသည် ။ သူ့ရှေ့မှာဆို တစက်ကလေးမှ အားငယ်
သည့်ပုံမဖမ်းတတ်ခဲ့သည့် မင်ဆော့က အခုတော့
မျက်ရည်တွေက ပါးပြင်ထက် အသွယ်သွယ်စီးကျနေ
ရင်းပလုံးပထွေးစကားတွေနဲ့ သူ့အားတောင်းပန်နေ
သည်။ စကားတလုံး နဲ့တလုံးကြား အဆက်အဆက်
ပြတ်ကာ ၊သူဘယ်လောက်ထဲ တင်းခံကာအားယူ
ပြောနေနေ စကားလုံးတွေကပြတ်လပ်မြဲ။ ကြည့်မနေ
နိုင်တော့သည့်အဆုံး မင်ဆော့ ကို သူ ဖက်ထားလိုက်
တော့သည် ။"ကိုယ့် ကို စဉ်းစား ပေးခဲ့တာ မလား !!
ကိုယ်သိတယ် ကိုယ်အားလုံးသိပြီးပြီ
အဲ့တာကြောင့် ထပ်မတောင်းပန်ပါနဲ့တော့"ခေါင်းကို လှုပ်ခါကာ တဆတ်ဆတ်ခေါင်းညိမ့်ရှာသည်၊
ကျောပြင်အား အသာပွတ်ပေးကာ အခြေအနေကို
တည်ငြိမ်သွားအောင် သူစကားထပ်မစဘဲငြိမ်နေပေး
လိုက်သည်။သူ့အား ပစ်ထားခဲ့ပြီး ထွက်သွားခဲ့သည့်ကောင်ဆိုးလေး
ကအခုတော့သူ့ရင်ခွင်ထဲမှာ 'တောင်းပန်ပါတယ်'ဆိုကာ
ငိုနေရှာတော့သည် ။"ကိုယ်တို့ကို ဘယ်သူတွေ ဘယ်လောက်
ခွဲခွဲ ခွဲလို့ရမှာမဟုတ်ဘူး!
ဘာဖြစ်လို့လဲ သိလား "သူ့ရင်ခွင်ထဲကနေ ထွက်လာကာ သူ့အားမင်သေသေ
အကြည့်နဲ့ ကြည့်ရင်းမင်ဆော့က ငြိမ်သက်သွားသည်၊
မင်ဆော့ ပါးပေါ်က မျက်ရည်စီးကြောင်းကို အိုဆယ်ဟွန်း လက်မနဲ့အသာသုတ်ကာဖယ်ရှားပစ်
လိုက်သည်။ထို့နောက် အိုဆယ်ဟွန်းကပြုံးကာအဖြေပေးသည်။
"ကိုယ်တို့က သိပ်ချစ်ကြတာမို့် လေ !
ဒယ်ဒီကိုသာ ကြောက်ခဲ့နေရင်း! လူတွေရဲ့
အပြောခံရမှာကိုသာ ကိုယ်ကြောက်နေခဲ့ရင်း
ကိုယ် မင်းလက်ကိုဆုပ်ကိုင်ခဲ့မှာမဟုတ်ဘူး