ကျွန်တော့်အား အတည်ကြီးတို့၊တကယ်ကြီးတို့ချစ်ပါ
တယ်လို့ဝန်ခံသွားခဲ့သော အိုဆယ်ဟွန်းကပျောက်
ခြင်းမလှပျောက်လို့၊ ကျွန်တော့်ဖုန်းမျက်နှာပြင်ပေါ်
မှာသူဖုန်းခေါ်ထားသည့်အရေအတွက်ပေါင်းများစွာ။
စိုးရိမ်လွန်ကဲသွားတဲ့ကျွန်တော်တယောက်သူ့ထံကို
ဖုန်းပြန်ခေါ်ခဲ့ပေမဲ့ ဖုန်းကမကိုင်တော့။ စိုးရိမ်သည်
ထက်ပိုစိုးရိမ်ကာ တညလုံးအိပ်မပျော်ခဲ့ဘူးဆိုတာ
အိုဆယ်ဟွန်းသိနိုင်ပါ့မလား။တိတ်ဆိတ်နေသော အခန်းငယ်သည် ကျွန်တော့်
အတွက် နေသားမကျတော့ ။ ဖုန်းထပ်ခေါ်ကြည့်
ချင်ပေမဲ့လဲကျွန်တော့်မာနကခွင့်မပြုချေ။သူတောင်
နေနိုင်သေးတာပဲဆိုတဲ့ကျွန်တော်မာနက ထိပ်ဆုံးမှာ။ကျောင်းမှာလဲ အိုဆယ်ဟွန်းအကြောင်းတစွန်းတစ
တောင်မကြားရ။ အိုဆယ်ဟွန်းက နာမည်ကြီးဒိတ်ဒိတ်
ကြဲတယောက်ဖြစ်နေပေမဲ့ သူ့အကြောင်းကိုတော့
ဘယ်သူကမှ မသိကြ။စိတ်ပူနေသည်ကော စိတ်တိုသည်ကောနှစ်မျိုးပေါင်း
ကာတပြိုင်နက်ထဲ ခံစားမူနှစ်ခု။ စိတ်ပူလိုက်တာ
တွေးမိရုံနှင့်ဒေါသစိတ်ကတွဲလျက်ပါလာသည်။
လွမ်းတယ်ဆိုသည်လို့ခံစားလာမိချိန် မြင်လာမိသော
အိုဆယ်ဟွန်း၏မျက်နှာကြီးကိုကုတ်ဖဲ့ဆွဲပစ်မိချင်သည်။"ဖုန်းခေါ်ကြည့်"
"ခေါ်စရာလား သူတောင်နေနိုင်သေးတာကို"
ဖုန်းလဲစမခေါ် ၊ ပြီးပြန်ရင်လဲ ဒေါသထွက်လိုက် တမှိုင်
မှိုင်တထွေထွေဖြစ်လိုက်နှင့် မျက်နှာအမူအရာက
တမျိုးပြီးတမျိုးပြောင်းတတ်သေးသည်။အချိန်ပိုင်းအလုပ်ပြီးလို့တိုက်ခန်းကိုပြန်ချိန်တိုင်းဘယ်
လိုမှမနေတတ်တော့။ ဆိုဖာပေါ်မှာအခန့်သားထိုင်ပြီး
TVရှေ့မျက်နှာအပ်နေတတ်တဲ့အိုဆယ်ဟွန်းကိုသာ
မျက်လုံးထဲမြင်လို့။ အပ်ကျသံပင်ကြားနိုင်လောက်
အောင်တိတ်ဆိတ်နေသည်။ အရင်နေ့များဆိုသူနှင့်
ကျွန်တော် ရန်ဖြစ်အော်ဟစ်သံတွေကကြီးစိုးနေခဲ့တာ။
ရေခဲသေတ္တာဖွင့်လိုက်တိုင်း လိမ္မော်သီးတွေမြင်တိုင်း
ပြုံးမိပြီး ခေါက်ဆွဲခြောက်ထုပ်မြင်တော့မျက်ရည်ဝဲ
သည်။ စာကြည့်စားပွဲပေါ်က အကြိုက်ဆုံးစာရေးဆရာ
၏စာအုပ်မြင်တိုင်း သတိရမိပြန်သည်။ ငါ မင်းကို
အတည်ကြီးချစ်တာပါ ပြောခဲ့တဲ့အိုဆယ်ဟွန်းကို
လွမ်းတယ် ။ ရေချိုခန်းရှေ့ပိတ်ရပ်ပြီး ဖျတ်ခနဲဖိကပ်
နမ်းသွားတဲ့အိုဆယ်ဟွန်းကိုလွမ်းသည်၊
