"ဒီကောင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ!
အခုချက်ချင်း အဲ့အကြောင်းတွေကိုရှင်းပစ်လိုက်
ဘယ်သူမှပါးစပ်ထပ်မဟလာနိုင်အောင်"သူဋ္ဌေးကြီးအို တယောက် သားဖြစ်သူရဲ့လုပ်ရက်တွေ
ကြောင့်စိတ်ညစ်သွားရသည် ။အတန်တန်သတိပေး
တားမြစ်နေပေမဲ့ အိုဆယ်ဟွန်းကဂရုမစိုက်စွာရူးရူး
မိုက်မိုက်ရှေ့တိုးကောင်းနေတုန်းပင်။ သူ့ဒေါသကို
တမင်ဆွနေသလားမှတ်ရသည်၊ခေါင်းမာတတ်လိုက်တာ!!
အခုဆို အိုဆယ်ဟွန်းရဲ့ သတင်းတွေက လူတိုင်းရဲ့
ပါးစပ်ဖျားမှာရေပန်စားနေလိုက်ပြီ။ ကိုယ့်ကိုကိုယ်
သာမန်လူတယောက်လို့များမှတ်နေသလား။OHရဲ့
အမွေဆက်ခံသူဆိုတဲ့ဂုဏ်ပုဒ်ကိုများမေ့လျော့နေ
သလား။"လုပ်ငန်းချဲ့ ထွင်ဖို့အတွက် မြေကွက်တွေ
ဝယ်ဖို့လုပ်နေတဲ့ကိစ္စကရော"သူဋ္ဌေးကြီးအိုရဲ့ အမေးကြောင့်လက်ထောက်ယူ
ချက်ချင်းမဖြေနိုင်။သက်ပြင်းတချက်ချကာသူဋ္ဌေးကြီး
အားအရင်အကဲခတ်ရသေးသည်။စိတ်တိုနေတဲ့အချိန်
ဒီအကြောင်းသာတင်ပြလိုက်ရင်ပိုဆိုးပေတော့မည်။သူ့ဆီကဘာစကားမှထွက်မလာသေးတာကြောင့်
သူဋ္ဌေးကြီးကမျက်လုံးလှန်ကြည့်လာတာကြောင့်
လက်ထောက်ယူ လန့်ဖြန့်သွားတော့သည်။"ဟို! မြေကွက်ကိစ္စက မဖြစ်နိုင်တော့ဘူး
ထင်တယ် သူဋ္ဌေး!
မြေကွက်ပိုင်ရှင်က တခြားကိုရောင်းလိုက်ပြီ""ဘာ ! မင်းပြောတော့ နောက်တစ်ပါတ်ဆိုရင်
စာချုပ်ချုပ်မယ်ဆို"သူဋ္ဌေးကြီးရဲ့ ဒေါသတကြီးအော်သံကြောင့်လက်
ထောက်ယူ ငြိမ်ကုတ်သွားရသည်။"BN ဘက်က ဝယ်သွားတယ်တဲ့!
ဟို ! ဘင်မီဆောင်းအတွက်မွေးနေ့
လက်ဆောင်ဆိုပြီး"
