တန်ဖိုးကြီးလွန်းလို့ အနားပင်မကပ်နိုင်သော အကြိုက်
ဆုံးစာအုပ်ကို တပြားတချပ်မှမကုန်ဘဲ ရလိုက်ရသည့်
အပြင် စာရေးဆရာ၏လက်မှတ်ပါ ပါလာတဲ့အခါ
ဂင်မင်ဆော့တို့ မိုးကောင်းကင်ကိုပင် တက်ထိလုနီးပါး
ဖြစ်နေသည် ။အိုဆယ်ဟွန်းက 'လုပ်ချင်သလိုသာလုပ်လိုက်'ဆိုသော
စကားက ဂင်မင်ဆော့တို့ အခါတစ်ရာထိုင်ကန်တော့
လိုက်ချင်သည် ။ သူလိုလူအတွက် တန်ဖိုးမရှိ၊အလေး
မထားပေမဲ့ ကိုယ့်အတွက်ကတော့ အဖိုးပင်မဖြတ်နိုင်။"သူ့ရည်းစားက ပေးတယ်ဆိုပြီး
ဖြစ်နေတာ မြင်မကောင်းဘူး "တခါတလေတော့လဲ အိုဆယ်ဟွန်း၏ ရည်းစားဖြစ်
ရတာကံကောင်းသားလို့ စိတ်ထဲကနေ လက်လွတ်စ
ပယ်တွေးမိခိုက် ကိုယ့်ကိုကိုယ် စိတ်ပျက်သွားသည်။
သူ့ကို မျှော်ကိုးမိလိုက်တာလား ဆိုတဲ့အတွေးနှင့်။
ကျွန်တော် အိုဆယ်ဟွန်းဆိုတဲ့သူဋ္ဌေးသားဆီက
ဘာကိုမှ မမျှော်ကိုးမိခဲ့ပါ ။"ဆော့လေး !! အဲ့တာဘယ်သူတုန်း"
ပတ်ဂျင်ဝူး မေးဆတ်ပြရာမြင်ကွင်းသည် အိုဆယ်ဟွန်း
နှင့် မိန်းကလေးတယောက်အတူ တွဲလျှောက်လာသည့်
မြင်ကွင်းဖြစ်နေသည် ။ တည်တံ့နေသည့်မျက်နှာထား
နှင့်အိုဆယ်ဟွန်း၏လက်မောင်းကိုဖက်တွယ်ကာ
စကားတွေ ရေပတ်မဝင်အောင်ပြောနေသည့်မိန်းက
လေးတယောက် ။ တကြိမ်တခါမှမတွေ့ဖူးသော
မိန်းကလေးက မည်သူနည်း ကျွန်တော်မသိ။ကျွန်တော်
သိစရာလဲမလိုပါ ။"မဟုတ်မှ !! နောက် ရည်းစားတယောက်လား "
ဂျင်ဝူးက သူ့ပါးစပ်သူ လက်ဖဝါးနဲ့အုပ်ကာ မျက်လုံး
မျက်ဆံပြူးနေတာမို့ မင်ဆော့ပြုံးကာ ဂျင်ဝူးနားရွက်
ကိုခပ်သာသာလေးဆောင့်ဆွဲလိုက်သည်။