တိတ်ဆိတ်နေသော အခြေအနေသည် နည်းနည်း
တော့အနေရခက်စေသည် ။ မျက်နှာချင်းဆိုင်တွေ့တာ
နှင့် အမြဲတမ်း စကားအကောင်းပြောလေ့မရှိတတ်
သော မျက်နှာကြောခပ်တင်းတင်း အိုဆယ်ဟွန်းက
သည်ကနေ့တော့ ငြိမ်သားကျနေသည် ။ရုတ်တရတ်ကြီး ဆိုင်ကိုရောက်ချလာပြီး အတူပြန်ရ
အောင်ဆိုလာသောသူကို ကျွန်တော် အထိတ်အလန့်
ပင်အံ့သြသွားရသည် ။ လက်ရှိမှာ သူ့ကားထဲမှာ
ကျွန်တော်ထိုင်နေရသည်ကိုတောင်မယုံနိုင်။
အိုဆယ်ဟွန်းသည် ငြိမ်သက်ကာ အနည်းငယ်နွမ်း
နေသောမျက်နှာနှင့် ကားမောင်းနေသည် ။စကား
တခွန်းတောင်မဟဘဲ သက်ပြင်းချနေသည်ကအခါခါ။
အိုဆယ်ဟွန်းကို သက်ပြင်းအခါခါချစေကာ စိတ်ရှုပ်
စေသည့်အရာက ဘာများလဲ ။လမ်းကြားထဲက လှေကားထစ်တွေကို ဘေးချင်းယှဉ်
အတူတက်နေသော်လည်း အိုဆယ်ဟွန်းကတိတ်ဆိတ်
မြဲတိတ်ဆိတ်လျက် ။ သည်လိုကျတော့လဲကျွန်တော်
မနေတတ် ။ ကျွန်တော့်အပေါ်ဆို ကောင်းကောင်းမွန်
မွန်မဆက်ဆံပေမဲ့လဲ အခုလို အိုဆယ်ဟွန်း အနေ
အထားကိုတော့ ကျွန်တော်လဲ မနေတတ် ။ အမြဲတမ်း
အပြစ်မရှိအပြစ်ရှာ ဘောက်ဆတ်ဆတ်စကားတွေနဲ့
ကလန့်တိုက်နေတတ်တဲ့လူက အခုတော့ပါးစပ်မပါ
သည့်လူနှယ် ။တခုခုဖြစ်လာလို့လား ? မေးလိုက်ချင်ပေမဲ့လဲ အင်း___ သူနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးက ။
အခန်းထဲရောက်တော့လဲ အိုဆယ်ဟွန်းက အိပ်ခန်း
ဘက်ကိုဦးတည်နေတာမို့ ကျွန်တော် ဘယ်ကစလို့
ဘာပြောရမှန်းမသိတော့ ။"အိပ်တော့မှာလား ?"
"အင်း "
ကျွန်တော် မျက်လုံးစုံမှိတ်ကာ အားယူမေးလိုက်သော
မေးခွန်း၏အဖြေက တိုတောင်းကာရိုးရှင်းသည် ။
လှည့်မကြည့်၊ဂရုမစိုက်ဘဲ ကျောခိုင်းကာ အခန်းလေး
ထဲဝင်သွားချေသည် ။
