ကျွန်တော်နဲ့ အိုဆယ်ဟွန်းကြားက ဆက်ဆံရေးသည်
အနည်းအကျဉ်း အဆင်ပြေလာပြီလား ကျွန်တော်မသိ
တော့ ။ သူရဲ့ ဂရုစိုက်မူတွေမှာ ကျွန်တော်အဆင်မပြေ
သေး ။ နေသားမကျသေး ။ အိုဆယ်ဟွန်းကတော့
တည်ငြိမ်နိုင်ပေမဲ့ နေရခက်သည်က ကျွန်တော် ။တခဏတော့ ငါ အချိန်ယူရဦးမယ်လေ ။
"ဟွန်း ! ဟွန်း စိတ်တောင်မူမမှန်တော့ဘူးလား
မွေးနေ့လေးကိုတောင် ဟွန်းက အဲ့အကောင်
ကြောင့်ငြင်းတယ် ၊ ဂင်မင်ဆော့ နင်ကလေ
ငါ့အတွက် အတားအဆီးပဲ "လီဂါယွန်း အတွက် ဂင်မင်ဆော့က အဆိုးရွားဆုံး
အတားအဆီး ။ သူ ဟွန်း ကိုဘယ်လောက်ထိချစ်ခဲ့
ရသလဲ ။ အချိန်တွေအများကြီး ဟွန်းကိုချစ်ခဲ့ရတာ။
လွန်ခဲ့တဲ့ငါးနှစ်ထဲက ဟွန်း တယောက်ကိုမျှော်လင့်
နေခဲ့ရတာ ။ ဟွန်း နားကိုကပ်နိုင်သမျှကြိုးစားကပ်
ကြည့်ခဲ့သည် ။ ဟွန်း တက်တဲ့တက္ကသိုလ်ကိုလဲလိုက်
တက်ခဲ့ရသည် ။ ဒါပေမဲ့ ဟွန်းက သူ့ကိုမမြင်ဘဲ
ယူဆိုရီနဲ့တွဲခဲ့သေးသည် ။ ဟွန်းက ရည်းစားတွေ
အများကြီးထားခဲ့ပေမဲ့ ဟွန်း ဘယ်သူ့ကိုမှမချစ်မှန်း
ဂါယွန်းသိသည် ။ ဒါပေမဲ့ ယူဆိုရီကိုတော့ဟွန်းက
သူ့မိဘတွေနဲ့မိတ်ဆက်ပေးခဲ့ဖူးသည် ။ အဲ့အချိန်တုန်း
ကသူဘယ်လောက်ထိခံစားခဲ့ရသလဲ ။ နောက် ယူဆိုရီ
နဲ့ကွဲသွားလို့ မပျော်လိုက်ရ ဟွန်းက ယောင်္ကျားလေး
တယောက်နဲ့ထပ်တွဲပြန်သည် ။မထင်ထားရလောက်အောင် ဟွန်းက ဂင်မင်ဆော့ကို
ဂရုစိုက်ပေးနေပြန်သည် ။တနေ့နေ့မှာဟွန်းက သူ့ကိုစွန့်ပစ်မယ်ဆိုတာ သူမသိ
နေပေမဲ့ မပြတ်သေးတဲ့ကာလအတွင်း ဟွန်းက
ထူးဆန်းတဲ့အပြုအမှုတွေကိုလုပ်နေသည် ။
ထို့နေ့က ဟွန်းတယောက် ဂင်မင်ဆော့လက်ကို
ဆုပ်ကိုင်ထားခဲ့သည်။