"မဟုတ်တာကိုမတွေးနဲ့ မင်ဆော့!
ငါသဘောမတူဘူး"ပတ်ဂျင်ဝူးက ဒေါသတကြီးနှင့်ပြင်းပြင်းထန်ထန်ကန့်
ကွက်နေပေမဲ့မင်ဆော့ကတော့ခေါင်းခါမြဲ။ သူ တခဏ
တော့၊အချိန်တခုတော့ သူမေ့ပျောက်သွားလောက်တဲ့
အထိရှောင်ပေးရမည် ၊ ကျွန်တော်ကြောင့်သူထိခိုက်
နေရပြီမဟုတ်လား။သူဘယ်လောက်ပဲသတ္တိရှိရှိနဲ့ရင်
ဆိုင်မယ်လို့ဆုံးဖြတ်ထားထား ကျွန်တော်ကတော့
သူ့ကြောင့်သတ္တိမရှိနိုင်ပါ။သူ့အနာဂတ် ၊သူ့အရာ
အားလုံးကျွန်တော့်ကြောင့်ပျက်စီးကုန်မှာကြောက်သည်၊"သူ ! သူငါ့ကိုမေ့နိုင်သွားလောက်တဲ့အထိ"
"မင်းမို့ပြောရက်တယ်"
ပတ်ဂျင်ဝူးကကျွန်တော့်အားဆိုးဆိုးရွားရွားကန့်ကွက်
နေပါလျက်ကျွန်တော်ကတော့ရှေ့တိုးမိသည်။
ဘယ်သူသိနိုင်မလဲ။ ကျွန်တော်လဲခံစားနေရတာကို။
အချစ်တွေကိုမဖော်ပြခဲ့နိုင်ပေမဲ့ ကျွန်တော် ဆယ်ဟွန်း
ကိုအရမ်းချစ်ခဲ့ပါသည်။"ငါ ငါ့ကြောင့် သူ့အနာဂတ်၊ သူတက်လမ်း
တွေပိတ်ပင်ကုန်မှာလေ!
ငါ့ကြောင့်နဲ့တော့သူ့ကိုမထိခိုက်စေချင်ဘူး ဂျင်ဝူး"ကျွန်တော့်ဘက်က မတရားဘူးတဲ့လား။
ဟင့်အင်း။ကျွန်တော် သူ့အတွက်လုပ်ပေးနိုင်တာဒါပဲ
ရှိလို့ပါ။ ဒါကလဲ ကျွန်တော်သူ့ကိုအရမ်းချစ်လို့လေ။"မင်းဘယ်မှာသွားနေဖို့ဆုံးဖြတ်ထားလဲ"
"ဆိုအာရဲ့ အစ်ကို ဆီကို"
သူဋ္ဌေုးကြီးဘက်က ဂျပန်ကလွဲလို့ ကြိုက်ရာနိုင်ငံကို
ထွက်သွားခွင့်ပေးမည်။ ဟိုမှာနေဖို့၊ကျောင်းတက်ရဖို့
အတွက်ပါအကုန်စီစဉ်ပေးဦးမည်လို့ ပြောလာသော်
လည်း သူ တခြားနိုင်ငံတခုကိုထွက်မသွားချင်ပါ။
ဆိုအာရဲ့အစ်ကို 'ဆောင်းဟို´ဆီမှာသူခဏတော့
သွားနေဖို့စီစဉ်ထားသည်။
