ဖုန်းမျက်နှာပြင်ပေါ်က တက်လာနေသော ပုံတွေ။
ကျောင်းဝန်းထဲမှာ သူတို့နှစ်ယောက်လက်ချင်းတွဲကာ
လျှောက်သွားနေသောပုံတွေသည် အလျိုလျိုတက်လာ
တော့သည် ။ များစွာသော မန့်တွေကို ဝင်ဖတ်ကြည့်
ဖို့သူစိတ်ကူးလိုက်သည် ။ သူလက်ချောင်းကလေး
လှုပ်ရှားဖို့အလုပ် ဖမ်းတားခံလိုက်ရသည်။"မဖတ်နဲ့!! အချစ်"
ကျွန်တော့်လက်ကိုဖမ်းဆွဲတားလိုက်သူသည်အိုဆယ်
ဟွန်း။ သူက ကျွန်တော့်အားခေါင်းခါပြကာ လက်ထဲက
ဖုန်းကိုလာဆွဲယူသည်။"ပေးပါ! ငါဖတ်ကြည့်ချင်လို့ပါ"
သူ့လက်ထဲကဖုန်းကိုပြန်ဆွဲယူပြီး မန့်တွေကိုဝင်ဖတ်
လိုက်သည်။တော်တော်များများ ဝင်ရေးထားကြတာပဲ။
အခုအချိန်မှာ သူတို့နှစ်ယောက်အကြောင်းကသိပ်ကို
နာမည်ကြီးနေမလား။ ကြီးနိုင်တာပဲလေ။တခြားသူ
အကြောင်းမှမဟုတ်တာ။ကိုးရီးယားနိုင်ငံရဲ့ဒိတ်ဒိတ်
ကြဲသူဋ္ဌေးသား အိုဆယ်ဟွန်းလေ။[ ဟာ ! တကယ်ကြီးပဲ အိုဆယ်ဟွန်းက ယောင်္ကျားလေးတယောက်နဲ့o_O
အို!သူ ဘယ်လိုများကြည့်ကြိုက်သွားလဲ]သူဖတ်မိသွားတဲ့ မန့်တခု။ ဘာရယ်မဟုတ်ရယ်ချင်
သွားသည်။ သိချင်နေသူထိုမိန်းကလေးအစား ကျွန်
တော်ကပဲသိရအောင်မေးကြည့်ပေးရမှာပေါ့။"ဖတ်ကြည့် ! "
ထိုစာကြောင်းကို လက်ထောက်ပြလိုက်ပြီးသူ့ကိုဖတ်
ခိုင်းလိုက်တော့ အိုဆယ်ဟွန်းက ဟက် ခနဲတချက်
ရယ်လိုက်သည်။"ဂင်မင်ဆော့ မို့ ကိုယ်ချစ်သွားတာလေ!
ဒီကိစ္စက ရှင်းပြလို့တောင်မရနိုင်ဘူးလေ
ဒါမျိုးက ချစ်တတ်တဲ့သူတွေပဲသိတယ်""အရူး!"
သူ့အဖြေကို ကျွန်တော့်ရဲ့တုံ့ပြန်မူကထိုသို့ပင်။
ဆရာကြီးစတိုင်နဲ့ ပြုံးစိစိမျက်နှာထားလုပ်ပြီးပြန်ဖြေ
နေပုံကအမြင်ကတ်ဖို့ကောင်းသည်။ သူ အိုဆယ်ဟွန်း
ရင်ဘတ်ကိုလက်သီးတချက်အသာ ထိုးပစ်ပြီးမှ
မန့်တွေကိုဆက်ကြည့်လိုက်သည်။
