Spoiler

15.2K 568 27
                                    

ရန်ကုန်တိုင်းဒေသကြီး အထက်တန်းကျောင်းပေါင်းစုံ Basketball Final ပွဲ

အောင်ဆန်းမိုးလုံလေလုံ အားကစားရုံထဲတွင် TTC နှင့် ဒဂုံ(၁)မှ ကျောင်းသားကျောင်းသူများ၏ အားပေးသံများနှင့် ဆူညံနေသည်။ ကျောင်းပေါင်းစုံ Basketball ဗိုလ်လုပွဲဖြစ်၍ အားလုံး ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။

"နွေဦးမြူ" Foul Ball 2လုံး ကို ဝင်အောင် သွင်းလိုက်ဖို့ တွေဝေနေခဲ့သည်။ မိမိတို့အသင်း ၁မှတ်ရှုံးနေသည့် အမှတ်ကွာခြားမှုတွင် ယခုသူသွင်းရမည့် Shooting 2လုံး သည် ဒီပွဲအနိုင်အရှုံးအတွက် အဆုံးအဖြတ်လည်း ဖြစ်လိမ့်မည်။ ၁လုံးဝင်သွားလျှင် အမှတ်တူသွားမည်ဖြစ်ပြီး နောက်၁လုံး ဝင်သွားလျှင် ၁မှတ် အသာရသွားပြီး စက္ကန့်ဝက်သာ ကျန်တော့သောအချိန်အတွင်း ပြိုင်ဘက်အသင်းမှ ပြန်လည်ချေပ၍ သွင်းနိုင်တော့မည် မဟုတ်ဘဲ မြူတို့အသင်းနိုင်မည်ဖြစ်သည်။

မြူသည် ဘယ်နားမှ သွင်းသွင်း Shooting မှန်သည်ဟု နာမည်ကြီးသည်။ ခုလည်း ၂လုံးလုံးကို ဝင်အောင်သွင်းနိုင်မည်ဟု ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိသည်။ ခက်နေသည်က တစ်ဖက်အသင်းတွင် "ဝိုင်" ပါနေသည်။ ကျောင်းပေါင်းစုံ၏ ချန်ပီယံအသင်းဖြစ်ဖို့
မြူအနိုင်ရချင်သည်။ သို့သော် ဝိုင့်ကိုလည်း မရှုံးစေချင်။ ဝိုင့်ရဲ့ရှုံးနိမ့်ခြင်းတို့ကို မမြင်ရက်။
မြူ ဘာလုပ်ရမည်နည်း??

________________ဝိုင်_____________

"မြူ မင်းဘာလုပ်တာလဲ တမင်ကြီး အလျှော့ပေးတာ ငါသိတယ်နော် မင်း Freethrow Shoot တာ မဝင်စရာလား"

"မင်းကရော မလုပ်စဖူး ဘာလို့ Foul လုပ်ရတာလဲ
ဝိုင်. မင်းငါ့ကို Foul လိုက်လို့ ငါက Foul Ball ရပြီး အလွတ်ကြီး သွင်းရတာလေ ငါ့ကို နိုင်စေချင်လို့ မင်း တမင် Foul လိုက်တာ မှတ်လား?"

"ဖြစ်ရလေ မင်းကို အမြင်ကတ်လို့ကို Foul လိုက်တာ"

အပြင်မှာသာ ဝိုင် အာ့လိုပြောလိုက်ရပေမယ့် တကယ်တော့လည်း မြူ Foul Ball သွင်းခွင့်ရပြီး နိုင်သွားအောင် တမင် Foul ကို လုပ်လိုက်ခြင်းပင်ဖြစ်သည်။
ထိုအကွက်ကို အနှီလူသားကလည်း မြင်ပြီး
တမင်ပြန်အလျှော့ပေးပြီး မဝင်အောင် သွင်းလေသည်။ ခု ဝိုင်တို့ ကျောင်းပေါင်းစုံတွင် ပထမရသွားသော်လည်း ထိုအောင်မြင်မှုကို ဝိုင် မခံစားလိုတော့။

"လာ ဆုမယူတော့ဘူး အိမ်တွေက လာမခေါ်ခင် အအေးသွားသောက်မယ်"

မြူ့ကို ခေါ်ပြီး ထွက်လာခဲ့လိုက်တော့သည်။

_______________မြူဝိုင်_________

TTC ကျောင်းအသင်း ပထမ
ဒဂုံ(၁) ကျောင်းအသင်း ဒုတိယ

ဆုရသွားသည့် အသင်းများကို ဆုပေးနေပါသော်လည်း ပထမရသွားသောအသင်းနှင့် ဒုတိယရသွားသောအသင်းတို့၏ Captain 2 ယောက်ကတော့ မရှိပါချေ။

ညနေခင်း နေရောင်က စူးရှနေသော်လည်း တချက်တချက် တိုက်ခတ်နေသော လေအေးလေးကြောင့် ပူပြင်းမနေ။ နေရောင်ကို မျက်နှာမူ၍ လမ်းလျှောက်နေရသော်လည်း ပူပြင်းပုံမပေါ်သည့် လူသားလေးတွေ။ အပေါ်က T-shirt ပွပွလေးတွေနှင့် အောက်က Basketball ဘောင်းဘီလေးတွေပဲ ဝတ်ထားသော ကောင်လေးနှစ်ယောက်။ အားကစားဖိနပ်တွေကို လဲကာ ခြေညှပ်ဖိနပ်လေးတွေပဲ ပေါ့ပေါ့ပါးပါးစီးထားသည်။ ဖောင်းကားနေသော ကျောပိုးအိတ်ကိုယ်စီလွယ်ထားကာ လက်ထဲတွေမှာလည်း အထုပ်တွေနဲ့။ ကြည့်လိုက်သည်နှင့် အားကစားသမားလေးတွေမှန်း သိသာစေသည်။

ထိုကောင်လေးနှစ်ယောက်၏ စိတ်ထဲတွင် အောင်မြင်မှုဆိုသော လောဘရှိမနေ။ တစ်ယောက်ကို တစ်ယောက် မရှုံးစေချင်သော သံယောဇဉ်နွယ်သော ခံစားချက်တခုသာရှိလေသည်။

________________________________

Spoiler မို့ ဒီနေ့ ဒီလောက်ပါပဲနော်
နက်ဖြန် Chapter 1 Update ပါပြီလို့

လိုအပ်ချက်တွေ အများကြီး ဖြစ်နေမှာ ဖြစ်တဲ့အတွက် သည်းခံပေးကြပါနော်
ကျေးဇူးပါရှင့်

မြူဝိုင်Where stories live. Discover now