"ကောင်လေး၊ ကို့နာမည်က ပြောပြီးသွားပြီ၊ နောက်တစ်ခေါက်တွေ့ရင်တော့ မင်းနာမည်ပြောပြရမယ်လို့ ပြောထားတယ်နော်၊ ကဲ ကို့ကို ပြောပြတော့ မင်းနာမည်"
ဒီလူဘယ်လိုဖြစ်နေတာလဲ? သူနဲ့ကျွန်တော် သေချာလည်း မသိပါပဲနဲ့ ပြောတဲ့စကားတွေက တစ်မျိုးကြီးတွေ၊ ပြီးတော့ ယောကျာ်းလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်နာမည်ကို အာ့လောက်သိချင်နေစရာ လိုလို့လား?။
"ဟို သွန်းခဝိုင်၊ ဒါက မင်းသူငယ်ချင်းလား၊ ငါတို့နဲ့ မိတ်ဆက်ပေးဦးလေ"
ဝိုင်နဲ့ ခင်တယ်ဆိုတဲ့ ကောင်လေးက ဝင်ပြောသည်။ ဝိုင်ကလည်း တကယ်ပဲ၊ အရမ်းကို ဖော်ရွေလွန်းပြီး အပေါင်းအသင်းဆိုတာ သူ့မှာ အပေါဆုံးပဲ၊ ခုလည်း ဘယ်ကနေ ဘယ်လိုခင်လာလဲ မသိဘူး၊ လူတိုင်းကို အာ့လိုခင်နေစရာ လိုလိုလား?၊ ခုလည်း ကျွန်တော် မြင်မြင်ချင်း အမြင်ကတ်တဲ့သူနဲ့ ဝိုင်ခင်တယ်ဆိုတဲ့ ကောင်လေးနဲ့ကလည်း ပတ်သတ်နေပြန်ရော၊ ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ လက်ခံရတော့မလို...
"ဪ၊ အင်း ဒါက ငါ့သူငယ်ချင်း နွေဦးမြူ"
ဝိုင်က ကျွန်တော့်ကို မိတ်ဆက်ပေးလိုက်သည်။
"အင်း ငါက လေပြေသွေးပါ၊ ဒါက ငါ့အကို သစ်ရိပ်ခို"
ညီအကို!!! ဒီရုပ်တွေက ညီအကို၊ မဖြစ်နိုင်တာ၊ ရုပ်ချင်းတစ်စက်မှ မဆင်ဘူး။
"ညီအကို မဟုတ်ဘူး၊ အပိုတွေ ပြောမနေနဲ့ လေပြေသွေး"
"ကျစ်၊ ဘာတွေမှန်းမသိဘူး" ကျွန်တော် စိတ်တွေ တော်တော်ရှုပ်လာ၍ ပြောပစ်လိုက်မိသည်။
"ဟို ခိုခိုက ငါ့ကို စိတ်ဆိုးနေလို့ပါ၊ ငါတို့ သွား သွားရအောင်"
ပြောပြီး လေပြေသွေးက ဟိုဘဲကြီးလက်ကို ဆွဲခေါ်၍ စက်လှေနားသို့ ထွက်သွားတော့သည်။
ဝိုင့်ကို လှည့်ကြည့်မိတော့ ကျွန်တော့်ကို မေးခွန်းတွေပြည့်နေသည့် မျက်ဝန်းတွေနဲ့ ကြည့်နေသည်။
ဝိုင်လည်း ကျွန်တော်နဲ့ ဟိုဘဲကြီးနဲ့ သိနေတယ်ဆိုတာကို ထူးဆန်းနေမှာပဲ၊ တကယ်ဆို သိတယ်တောင် ပြောလို့မရတဲ့တွေ့ဆုံမှုတွေကိုများ၊ ကြောင်တောင်တောင်နဲ့..
YOU ARE READING
မြူဝိုင်
RomanceBL x OC ဒီဝတ္ထုလေးက လုံ့ရဲ့ ပထမဆုံးဝတ္ထုလေးမို့ လိုအပ်ချက်တွေ အများကြီးကို ရှိနေမှာပါ။ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ Basketball အားကစားနည်းနဲ့ ပတ်သတ်တာလေးကို လုံအားပေးထောက်ခံတဲ့ Lgbt နဲ့ အခြေခံပြီး ရေးချင်လွန်းလို့ပါ။ အာ့လိုပြောလို့ လုံက Basketball ကို ေ...