"မြူ..... မြူ......"
"အင်းးးး ဘာလဲ"
အရမ်းကို အိပ်ချင်နေပါတယ်ဆိုမှ ဘယ်သူက လာနှိုးနေတာလဲ။
"နွေဦးမြူ!!!"
"အာ၊ ဘာလဲ"
နားနားကို ကပ်၍နာမည်ကို အော်လိုက်၍ လန့်သွားရသည်၊ စိတ်တိုပြီး နှိုးသူကိုပါ ပြန်အော်ပစ်လိုက်သည်။
"ဟေ့ကောင် နွေဦးမြူရေ"
ပခုံးနှစ်ဖက်ကို ဆွဲကိုင်ပြီး လှုပ်လိုက်သည့် အတွက်ကြောင့် မနိုးချင်ပေမယ့်လည်း တဖြည်းဖြည်း အသိဝင်လာပြီး နိုးသွားရသည်။ မဖွင့်ချင်ဖွင့်ချင်နှင့် မျက်လုံးတို့ကို ဖွင့်လိုက်တော့ ကျွန်တော့်ကို မနိုးနိုးအောင် အတင်းနှိုးနေသော ဝိုင့်ကို မြင်လိုက်ရသည်။ ဟုတ်သားပဲ၊ ကျွန်တော်တို့ ကလောကို သွားနေတဲ့ ကားပေါ်မှာပဲ။
မနက်ခင်း မျက်လုံးတို့ ဖွင့်လိုက်သည်နှင့် ချစ်ရသူကို မြင်လိုက်ရသော ခံစားချက်သည် သည်မျှကြည်နူးစရာကောင်းမှန်း ယခုမှသိသည်။ အေးချမ်းမှုအတိပြီးနေသည်။
"နိုးပြီလား၊ ထတော့၊ တောင်တွေတက်နေပြီ၊ ခဏနေ နေထွက်တော့မှာ"
အိပ်ချင်စိတ်မပြေသေးသည့်အချိန်တွင် အေးစိမ့်နေမှုကိုလည်း ခံစားနေရသည်။ နိုးနေပြီဆိုပေမယ့် မထချင်သေး။ နည်းနည်းလောက် ထပ်မှေးချင်သေး၍
"ခဏလေး၊ ငါးမိနစ်၊ ငါးမိနစ်လောက် ထပ်အိပ်မယ်၊ ချမ်းလိုက်တာ"
ပြောပြီး ဝိုင့်ကိုယ်လေးကို ဆွဲဖက်၍ ဝိုင့်ပခုံးပေါ် မှီချလိုက်သည်။ ခုမှနည်းနည်းနွေးသွားသလို ရှိသွားသည်။
"အဲဒါကြောင့် စောစောအိပ်ပါလို့ ပြောသားပဲ၊ ခုတော့အိပ်ချင်နေပြီမှတ်လား"
အံမယ်၊ သူကပဲ ပြောရတယ် ရှိသေး၊ ကျွန်တော် ဘယ်သူ့ကြောင့် အိပ်ရေးပျက်ရတာလဲ၊ သူလန့်သွားတိုင်း ယောင်လို့ ဘယ်သူက တညလုံး ချော့ပေးခဲ့ရတာလဲ။
ကျွန်တော် ဝိုင့်ပခုံးပေါ်က ခေါင်းထောင်လိုက်ပြီး
"ဘယ်သူကြောင့် အိပ်ရေးပျက်ရတာလဲ ပြော"
YOU ARE READING
မြူဝိုင်
RomanceBL x OC ဒီဝတ္ထုလေးက လုံ့ရဲ့ ပထမဆုံးဝတ္ထုလေးမို့ လိုအပ်ချက်တွေ အများကြီးကို ရှိနေမှာပါ။ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ Basketball အားကစားနည်းနဲ့ ပတ်သတ်တာလေးကို လုံအားပေးထောက်ခံတဲ့ Lgbt နဲ့ အခြေခံပြီး ရေးချင်လွန်းလို့ပါ။ အာ့လိုပြောလို့ လုံက Basketball ကို ေ...