"မြေးတို့ နိုးပြီလား၊ လာ ဘွား မနက်စာပြင်ထားပြီးပြီ"
ကျွန်တော်တို့ အောက်ထပ်ဆင်းလာသည်နှင့် ဘွား၏ခေါ်သံကို ကြားလိုက်ရသည်။
"ဒီနေ့က ဘာစားရမှာလဲ ဘွား"
ဝိုင်က မေးလိုက်သည်။
"ဒီမှာ ခေါပုတ်ကြော်၊ ပဲပုပ်ကြော် ထားတယ် ဟင်းထုပ်နဲ့ ဝက်သားချဉ်က ဈေးမှာ ရလို့ ဝယ်လာတယ်"
ပြောရင်း ဘွားက စားပွဲပေါ်က အုပ်ဆောင်းလေးလှပ်လိုက်သည်။ ကျွန်တော်လည်း ဝမ်းသာအားရပင် ထိုင်ခုံပေါ်ထိုင်လိုက်သည်။ ကော်ဖီမှုန့်၊ နို့စိမ်း၊ သကြားလေးနဲ့ ဖျော်ပြီး နှပ်ထားတဲ့ နှပ်ကော်ဖီကလည်း အသင့်။ ဆာနေပြီးသားဗိုက်က ၂ဆလောက်တိုး၍ဆာလာသည်။
ကျွန်တော် ဒီမှာသာ ၁နှစ်လောက်နေ၍ ပေါင်၂၀၀ခန့်ရှိမယ့် ဝတုတ်ကြီး ဖြစ်သွားလောက်သည်။ အတွေးကြောင့် ပြုံးလိုက်မိပြီး စစားရန် ရွယ်လိုက်သည်။
"အစားအသောက်မြင်တာနဲ့ အာ့လောက်ဝမ်းသာအားရဖြစ်မနေနဲ့၊ မြင်လို့တောင် မကောင်းဘူး"
"ဘာဖြစ်လဲ" ဝိုင့်ကို လှည့်ပြောလိုက်ပြီး
"ဘွားရေ စားတော့မယ်နော်"
ပြောပြီး ဖက်ရွက်လေးနဲ့ ထုပ်ထားသည့် တြိဂံပုံစံ အထုပ်လေး၁ထုတ်ကို လှမ်းယူလိုက်သည်။ ဖက်ရွက်လေးတွေကို ၁ထပ်ချင်းဖြေလိုက်သည်။
"ဘွား ဒါက ဘာတဲ့လဲ"
"အဲဒါက ဟင်းထုပ် မြေး၊ စားကြည့်၊ ရော့"
အဘွားက ပြောရင်း ဇွန်းလေးနဲ့ တစ်ဖဲ့ဖဲ့ပြီး လှမ်းခွံ့သည်။ အဘွားခွံ့တာကိုပဲ လှမ်းစားလိုက်သည့် ကျွန်တော့်ကို ဝိုင်က မနိုင်ဘူးဟူသည့် သဘောနှင့် ခေါင်းတခါခါ လက်တခါခါနှင့် ဖြစ်နေသည်။
"ဘွား၊ ဘွားမြေးက ဒီမှာနော်၊ အဲ့မှာ မဟုတ်ဘူး"
"ဪ၊ မြေးရယ် မြေးသူငယ်ချင်းက ဘွားမြေးပဲပေါ့"
"ဟုတ်တယ်၊ ပြောပလိုက် ဘွား"
"အံမယ်၊ သူများအဘွားကိုများ၊ လာမလုနဲ့၊ ဟွန်း"
"မရဘူး မင်းအဘွားက ငါ့အဘွားပဲ၊ နော် ဘွားနော်"
"ငါ့အဘွားကို လာလုတယ်ပေါ့၊ ကြည့်နေ တစ်ချိန်ကြ မင်းအဘွားကိုလည်း လုပြမယ်"
YOU ARE READING
မြူဝိုင်
RomanceBL x OC ဒီဝတ္ထုလေးက လုံ့ရဲ့ ပထမဆုံးဝတ္ထုလေးမို့ လိုအပ်ချက်တွေ အများကြီးကို ရှိနေမှာပါ။ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ Basketball အားကစားနည်းနဲ့ ပတ်သတ်တာလေးကို လုံအားပေးထောက်ခံတဲ့ Lgbt နဲ့ အခြေခံပြီး ရေးချင်လွန်းလို့ပါ။ အာ့လိုပြောလို့ လုံက Basketball ကို ေ...