ကိုယ့်သံယောဇဉ်ကို
လောင်စာအဖြစ်အသုံးပြုရင်း
တရိပ်ရိပ်တောက်လောင်
ရင်တစုံလုံး မီးညွန့် တလူလူထလို့...
-
-
-
"ဝိုင်၊ ခုဏက ခုဏက ဟိုစော်လေး ပြောသွားတာတွေ အကုန်အမှန်တွေပဲလား"ကျွန်တော်နဲ့ မြူ လူရှင်းတဲ့ ဘောလုံးကွင်းပေါ်က ပွဲကြည့်စင်ကြီး ပေါ်မှာ စကားပြောနေကြခြင်းဖြစ်သည်။
ဟိုကောင်တွေလည်း အရှက်ကွဲစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရှုံးမဲမဲခဲ့ကြပေမယ့် အထမမြောက်လိုက်ဘဲ ပြန်သွားလိုက်ရသည်။
မိုးက ခုဏကလောက် သည်းထန်မနေတော့ပေမယ့် မည်းမှောင်နေသေးတဲ့ တိမ်တွေနဲ့ အုံ့မှိုင်းနေတဲ့ရာသီဥတုကြီးက ရှိနေသေးသည်။ ထိုရာသီဥတုနှင့် ထပ်တူညီစွာပင် ကျွန်တော့်ရင်တခုလုံး အုံ့မှိုင်းနေသည်။
အဖြေစကားတစ်ခုကို မေးမြန်းစရာမလိုလောက်အောင်ပင် အဖြစ်အပျက်များ၏ ရလဒ်က ရှင်းလင်းသည်။
သက်ပြင်းတချက်ကို ချလိုက်ကာ
"အင်း၊ ဟုတ်တယ်" မြူ့ရဲ့ မေးခွန်းကို ဖြေလိုက်သည်။
"မင်းဆီက ကောင်မလေးတစ်ယောက်ကို ကြိုက်နေတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး"
ကျွန်တော် ကြေကွဲစွာ ပြုံးလိုက်မိတယ်။ လူတစ်ယောက်ဟာ မုသားတခွန်းကို သုံးလိုက်ပြီးရင်း နောက်ထပ်မြောက်များစွာသော မုသားတွေကို ဆင့်ကဲပြီး သုံးရတယ်ဆိုတာ တကယ်မှန်တာပဲ။ ကျွန်တော်ဟာ ခုဆို မဆုံးနိုင်သော မုသားတွေကို ထပ်ခါထပ်ခါ ပြောရတော့မည်လေ။ ကျွန်တော့်ရင်ထဲက စကားသံတွေနဲ့ ကွဲလွဲစွာပေါ့။
"ငါက မိန်းကလေးတစ်ယောက်ကို ကြိုက်နေခဲ့တာကို မင်းကို ပြောပြဖို့ လိုလို့လား မြူ"
မြူ ငြိမ်သက်သွားသည်။ ဘာစကားမှ မပြောနိုင်ပဲ ရှေ့ကိုသာ စိုက်ကြည့်နေသည်။
ရှေ့တူရှုမှာ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်နဲ့ ဘောလုံးကွင်းကြီးကို မြင်နေရပေမယ့် စိတ်တွေက ရှေ့က မြင်နေရတဲ့အရာတွေဆီမှာ ရှိနေဟန်မတူ။
မြူသည်လည်း ဘာတွေတွေးနေမည်လဲ?။ အရှက်ရစေချင်သော စွပ်စွဲတဲ့စကားလုံးတွေကို ဒေါသထွက်နေသေးလား?။ ကျွန်တော့်ရဲ့ စကားလုံးတို့ကြောင့် ပို၍ ဒေါသထွက်သွားမည်လား?။

YOU ARE READING
မြူဝိုင်
RomanceBL x OC ဒီဝတ္ထုလေးက လုံ့ရဲ့ ပထမဆုံးဝတ္ထုလေးမို့ လိုအပ်ချက်တွေ အများကြီးကို ရှိနေမှာပါ။ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ Basketball အားကစားနည်းနဲ့ ပတ်သတ်တာလေးကို လုံအားပေးထောက်ခံတဲ့ Lgbt နဲ့ အခြေခံပြီး ရေးချင်လွန်းလို့ပါ။ အာ့လိုပြောလို့ လုံက Basketball ကို ေ...