Chapter 11

3.5K 347 52
                                    


စိတ်အလိုမကျစွာနဲ့ ခုတင်ပေါ်မှာ မလှုပ်မယှက်ထိုင်နေမိသည်။ အမေကလည်း ဘာလို့ညအိပ်ခိုင်းမှန်းမသိဘူး။ မအိပ်စေချင်တာ မဟုတ်ပေမယ့် ကိုယ့်စိတ်အခြေအနေက သိပ်မဟုတ်တာ ကိုယ်ကိုယ်တိုင်ပဲ သိသည်လေ။ အိမ်မှာကလည်း အခန်းပိုတွေရှိပေမယ့် အဆင်သင့် မပြင်ထားတာကြောင့် မြူ့အနေနဲ့ ကျွန်တော့်အခန်းမှာပဲ အိပ်ဖို့ အကြောင်းဖန်လာသည်။ တကယ်ဆို ယောကျာ်းလေးသူငယ်ချင်းအချင်းချင်း သူ့အိမ်ကိုယ့်အိမ်လာလည်ပြီး တစ်ခန်းတည်းတူတူအိပ်တာ သမာရိုးကျကိစ္စတခုပါပဲ။ ဘယ်သူမှလည်း ဘာမှပြောမှာမဟုတ်သလို အနေခက်ကြမှာ မဟုတ်ပါဘူး။ ခက်နေတာက ကျွန်တော်က.... ဟင်း၊ ကျွန်တော် မြူ့အပေါ် တော်တော်သံယောဇဉ်ဖြစ်နေလို့ နေမှာပါလေ။

ကိုယ့်ဘာသာ တွေးနေတုန်း အခန်းတံခါးက ချောက်ခနဲ ပွင့်လာ၍ ခန္ဓာကိုယ်တောင် ဆတ်ခနဲ တုန်သွားရသည်။ အခန်းဝကို လှမ်းကြည့်မိတော့ ကျွန်တော်ရဲ့ အားကစားဘောင်းဘီအဟောင်းတစ်ထည်ကိုသာ ဝတ်ထား၍ ခန္ဓာကိုယ်အပေါ်ပိုင်းက အင်္ကျီမပါသော မြူ။ ယောကျာ်းဆန်ခြင်း၏ ပြယုဂ်တခုဖြစ်သည့် ရင်အုပ်ကားကားပေါ်တွင် ရေစက်ရေပေါက်တို့က တွဲလဲခိုနေသည်။ ငယ်ငယ်ကလည်း မြင်ဖူးနေပြီးသား မြင်ကွင်းတခုဖြစ်သော်လည်း အခု မြူက အရွယ်ရောက်ပြီး၍ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးပြီးထားသော ယောကျာ်းတစ်ယောက်ဖြစ်နေပြီ။

ငေးကြည့်နေရင်း အာခေါင်တို့ ခြောက်လာပြီး ရင်တွေခုန်လာရပြန်၍ အကြည့်တို့ကို ဖယ်ခွာကာ မျက်နှာလွှဲလိုက်ရသည်။ ဒီပုံစံအတိုင်းသာ ခဏခဏခုန်နေရင် ကြာရင် နှလုံးရောဂါရတော့မှာ မဟုတ်ဘူးလား။

"ဝိုင်၊ ငါရေချိုးပြီးပြီ၊ အင်္ကျီပေးဦးလေ"

"ဪ၊ အင်း" ပြောပြီး ထရပ်လိုက်တော့ အနားသို့ ချက်ချင်းရောက်လာပြီး လာတွဲသည်။ မြူ့ဆီမှ လတ်ဆတ်သော ဆပ်ပြာနံ့သင်းသင်းလေးက နှာခေါင်းထဲဝင်လာပြန်သည်။ ဟင်း... ကြာရင် ကျွန်တော် ရူးတော့မှာပဲ။

"ရတယ်၊ ငါ့ဘာသာ သွားလို့ရပါတယ်"

"ဘယ်ဟုတ်မလဲ၊ မင်းဘာသာဆို တော်တော်နဲ့ရောက်မှာ မဟုတ်ဘဲ"

မြူဝိုင်Where stories live. Discover now