Basketball အားကစားနည်းဆိုတာ ကမ္ဘာပေါ်မှာ ဘောလုံးအားကစားပြီးရင် ဒုတိယအများဆုံးအနေနဲ့ ကစားကြတဲ့ အားကစားပါ။
တစ်သင်းကို လူ 10 ယောက်ကနေ 15 ယာက်ထိပါဝင်ပြီး Line Up 5 ယောက်ကတော့ မဖြစ်မနေပါရပါတယ်။ 2 သင်း ယှဉ်ပြိုင်ကစားကြပြီး တစ်ဖက်ကို 5 ယောက် ကစားရတဲ့ 5 on 5 နဲ့ တစ်ဖက်ကို 3 ယောက် ကစားတဲ့ 3 on 3 ဆိုပြီး ရှိပေမယ့် တကယ့်ပွဲကြီးတွေက 5 on 5 ပဲ အများဆုံးကစားကြပါတယ်။
Basketball ဟာ နည်းပညာတွေအများကြီးနဲ့ ပရိယာယ်ကြွယ်ကြွယ်နဲ့ ကစားရပါတယ်။ ကာယအားပဲ သုံးလို့ မရပါဘူး။ ဉာဏအားပါသုံးရပါတယ်။ ခြေထောက်၊ လက်၊ ဦးနှောက် အကုန်အလုပ်ပေးထားရတာပါ။ ဝင်ကစားနေတဲ့ 5 ယောက်လုံးမှာလည်း တာဝန်ကိုယ်စီ ရှိကြပါတယ်။ အရပ်အရှည်ဆုံးနဲ့ လူကောင်အကြီးဆုံးသူက Centre အနေနဲ့ ကစားရပါတယ်။ ပြီးရင် တခြားသူတွေက Forward, Guard ဆိုပြီး ကစားရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိမိ ကစားရပြီး Team Work ရှိမှ အောင်မြင်နိုင်ပါတယ်။
အခြေခံအနေနဲ့ ဘောလုံးပုတ်တာ စသင်ပြီး ဘောလုံးပုတ်တာမှာတင် နည်းလမ်းတွေ ရှိပါတယ်။ ပြေးရင်း နဲ့ ဘောလုံးကို လက်တစ်ဖက်တည်းနဲ့ မချော်အောင် ထိန်းပုတ်သွားရပါတယ်။
ပြီးရင် တစ်ယောက်ကို တစ်ယောက် ဘောလုံးပေးနည်း(passing ပေးတယ်လို့ ခေါ်ပါတယ်)ကို သင်ရပါတယ်။ passing ပေးတာ အမျိုးမျိုးရှိပေမယ့် အခြေခံသုံးကြတာတော့ 4 မျိုးရှိပါတယ်။
နောက်ပြီး ဘောလုံးသွင်းနည်း (Shooting Shoot တယ်လို့ ခေါ်ကြပါတယ်) သင်ရပါတယ်။ ဒီတိုင်းကြီး အားနဲ့ ပစ်သွင်းလိုက်လို့ မရပါဘူး။ ခန္ဓာကိုယ်ကနေ အားကို လိုသလောက်လေး ယူပြီး လက်က အလိုက်သင့်လေး နည်းစနစ်မှန်မှန်နဲ့ သွင်းရပါတယ်။ Basketball ဆော့တတ်သူလား မဆော့တတ်သူလားကို Shooting Shoot တာကြည့်ရင် သိနိုင်ပါတယ်။
Shooting Shoot ပြီဆိုလည်း Shoot တဲ့နေရာတွေပေါ်မူတည်ပြီး အမှတ်ပေးပါတယ်။
Under တက်ပြီး Shoot တယ်ဆို 2 မှတ်။ (Under တက်ပြီး Shoot တယ်ဆိုတာ သွင်းရမယ့် Board ရဲ့အောက်မရောက်ခင် မဝေးတဝေးလေးထိ ဘောလုံးကို ပြေးရင်းပုတ်လာပြီး လက်နှစ်ဖက်နဲ့ဘောလုံးကို ကိုင် ခြေလှမ်း 2 လှမ်း လှမ်းလိုက်ပြီး 3 လှမ်းမြောက်မှာ ခုန် Shoot လိုက်တာမျိုးကို ခေါ်တာပါ။ ဒီထက် ခြေလှမ်းပိုရင် ဝင်သွားရင်လည်း Carry Ball ဖြစ်သွားပြီး အမှတ်မရပါဘူး။)
ESTÁS LEYENDO
မြူဝိုင်
RomanceBL x OC ဒီဝတ္ထုလေးက လုံ့ရဲ့ ပထမဆုံးဝတ္ထုလေးမို့ လိုအပ်ချက်တွေ အများကြီးကို ရှိနေမှာပါ။ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ Basketball အားကစားနည်းနဲ့ ပတ်သတ်တာလေးကို လုံအားပေးထောက်ခံတဲ့ Lgbt နဲ့ အခြေခံပြီး ရေးချင်လွန်းလို့ပါ။ အာ့လိုပြောလို့ လုံက Basketball ကို ေ...