Chapter 14

3.4K 345 61
                                    

မိုးလင်း၍ မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် ပြီးခဲ့သော အဖြစ်အပျက်တို့က ခေါင်းထဲဝင်လာပြန်သည်။ တညလုံးလည်း ဂယောင်ဂတမ်းနှင့် အိပ်မက်တွေယောင်ပြီး ကောင်းကောင်းအိပ်မပျော်။ အိပ်နေရင်း အလန့်တကြားနိုးလာတာတောင် ထိုအကြောင်းတွေပဲ ခေါင်းထဲဝင်လာသည်။ ပါးပြင်ပေါ်က ပူနွေးမှုကြောင့် လက်နဲ့စမ်းကြည့်မိတော့ မျက်ရည်တွေ။ မျက်ရည်တွေနှင့်အိပ်ပြီး မျက်ရည်တို့နှင့် မျက်ရည်တွေနဲ့ပဲ နိုးထလာခဲ့ရသော မနက်ခင်း။

ကျွန်တော်ထပ်မငိုချင်တော့ပါဘူး၊ မျက်ရည်တို့ကို ပွတ်သပ်သုတ်၍ အိပ်ရာပေါ်မှ အားတင်းထလိုက်ပြီး အခန်းပြင်ထွက်လိုက်သည်။

"သား အမေဒီမှာ အင်္ကျီတွေ အကုန်ပြင်ပြီးပြီ၊ မျက်နှာသစ် မနက်စာစားပြီးရင် အိတ်ထဲထည့်တော့နော်၊ အောက်မှာ ဦးလေးငယ်ရှိတယ်"

ဟုတ်သားပဲ၊ ကျွန်တော်ကလောကို အလည်သွားဖို့ ဦးလေးငယ်လာခေါ်ရန် ရောက်နေသည်မှာ ၂ရက်လောက်ရှိပြီ။ လှမ်းပြောသည့် အမေကို ကြည့်လိုက်တော့ သိုးမွေးချည်စတွေနဲ့ အလုပ်ရှုပ်နေသည်။

"အမေ၊ ဘာတွေလုပ်နေတာလဲ"

"သားဟိုမှာ ဝတ်ဖို့အမှီ မာဖလာထိုးနေတာ၊ ဟိုမှာချမ်းနေပြီလေ၊ သားကြိုက်တဲ့ အနီလေးလေ"

အမေက ဝမ်းသာအားရလှမ်းပြောသည်။

"သား နွေဦးရော ပြင်ထားပြီလား လှမ်းမေးဦးလေ၊ သန်ဘက်ခါဆိုရင်ပဲ သွားရတော့မယ်ဟာကို"

ဟုတ်သားပဲ၊ မြူလည်း လိုက်မှာပဲ၊ သူ့ကို ဘယ်လိုရင်ဆိုင်ရပါ့မလဲ။

မဟုတ်သေးပါဘူး ဖြစ်တဲ့ကိစ္စတွေက ကျွန်တော့်ဘာသာ တဖက်သတ်တွေပဲလေ၊ သူနဲ့ ခင်မင်နေတဲ့ဆက်ဆံရေးက ပြောင်းလဲပစ်လို့မှ မရပဲ၊ ကျွန်တော့်စိတ် ကျွန်တော်ထိန်းရင် ရတာပါပဲလေ။

"သား၊ ဘာတွေတွေးနေလဲ၊ သွားသွား၊ မျက်နှာသွားသစ်တော့၊ အမေ့ဘာသာပဲ နွေဦးအမေကို ဖုန်းဆက်ထားလိုက်တော့မယ်"

"ဟုတ်"

ပြောပြီး အမေက မြူ့အမေကို ဖုန်းဆက်ဖို့ ထထွက်သွားသည်။

မြူဝိုင်Where stories live. Discover now