Chapter 10

3.1K 359 52
                                    


ဘောပင်ကို ကိုက်လျက်စဉ်းစားနေသည်မှာ အတော်ကြာပြီ။ သို့သော် ဘာရလဒ်မှ ထွက်မလာ။ ကျွန်တော် ဘာကို ဝါသနာတာလဲ?။ ဘယ်လိုင်းကို တက်ချင်တာလဲ။ ဂုဏ်ထူးနှစ်ဘာသာနှင့် ၄_ _ ဆိုသော အမှတ်က အမှတ်မြင့်သော တက္ကသိုလ်တွေကို မရနိုင်သော်ငြား ရွေးချယ်စရာတွေ အများကြီးတော့ ရှိနေသေးသည်။ အဖေနဲ့ အမေကတော့ လွတ်လပ်စွာ ရွေးချယ်ဖို့ ခွင့်ပြုထားသည်။

"သွန်းခရေ သား မြူ့ဆီက ဖုန်းလာတယ်"

"ဟုတ် အမေ လာပြီ"

အပြေးသွားပြီး ဖုန်းကိုင်လိုက်သည်။

"ဟဲလို"

"ဟဲလို ဝိုင်"

"ဘာတက်မှာလဲ ဆုံးဖြတ်ပြီးပြီလား"

"မသိသေးဘူး မင်းရောစဉ်းစားပြီးပြီလား မြူ"

"ငါက ဘာစဉ်းစားစရာလိုလို့လဲ ၃_ _ လောက်နဲ့ ဒဂုံပဲ ရလောက်မှာပဲဟာ၊ ဒဂုံပဲ ရေးထားလိုက်တယ် ဘယ်major ရမလဲတော့ မသိဘူး"

"အင်းပါ ငါတော့ ဘာတက်ရမှန်းကို မသိတော့ဘူး"

"ဝိုင်"

"အင်း"

"Training လာဆင်းတဲ့ အကိုတွေ ပြောတာ၊ တက္ကသိုလ်တွေမှာလည်း ကျောင်းပေါင်းစုံပွဲတွေ ရှိတယ်တဲ့၊ မင်းနဲ့ငါ တက္ကသိုလ်တက်ရင်လည်း တစ်ကျောင်းစီကနေ ပြိုင်နေရဦးမယ် ထင်တယ်နော်"

ဟုတ်သားပဲ၊ မြူပြောမှ စဉ်းစားမိတယ်။ အာ့အရူးဟာ သူများတွေ လှည့်မတွေးနိုင်တဲ့ဘက်က တော်တော်တွေးတာပဲ၊ အရှည်ကြီးတွေလည်း အရမ်းတွေးတယ်။ ခုလည်း အရှည်ကြီးကို လှမ်းတွေးပြီး သူပူနေပြန်ပါပြီ။

"ကျောင်းတောင် မတက်ရသေးဘူး၊ Basketball ကစားဖို့နဲ့ တစ်သင်းစီ ကစားရဖို့က အရင်တွေးနေတယ် အရူး"

"မဟုတ်ဘူးလေ ဝိုင်ရယ်၊ ဖြစ်နိုင်တာကို ပြောပြတာပဲ၊ မင်းပြောလေ၊ ငါပြောတာ မဖြစ်နိုင်ဘူးလား"

"ဟုတ်တော့ဟုတ်ပါတယ်၊ အာ့လိုပဲ ဖြစ်လာလောက်တယ်"

"ဝိုင်၊ မင်းနဲ့ငါလည်း ဘယ်တော့မှ အတူတူတက်ရမလဲ မသိဘူးနော်၊ စာမေးပွဲဖြေပြီးတော့ Computer သင်တန်းတက်တော့လည်း နီးတဲ့ဆီတွေမှာပဲ တက်လိုက်ရတယ်"

မြူဝိုင်Where stories live. Discover now