Chapter 4

3.7K 423 31
                                    

Training မရှိတဲ့ ပိတ်ရက်တခု။ ဆိုဖာပေါ်တွင် ပျင်းရိစွာလဲလျောင်းနေမိသည်။ စိတ်ထဲမှာတော့ တခုခုကို ဘဝင်မကျဖြစ်နေသည်။ မျက်လုံးထဲမှာလည်း မြူရယ်နေတာကိုပဲ ပြန်ပြန်မြင်ယောင်နေမိသည်။ ကျွန်တော် ထိုအရာတစ်ခုကို သတိထားမိနေတာလည်း ကြာပြီ။ ဆိုဖာပေါ်က ဝုန်းခနဲထပြီး ဗီရိုပေါ်က မှန်နားကို ကပ်ပြီး သွားတွေကို စိကြည့်လိုက်မိသည်။ ဖြူဖွေးသော သွားညီညီလေးတို့က ပေါ်လာသည်။ အလိုမကျနိုင်စွာဖြင့် TV ထိုင်ကြည့်နေသော အမေ့ကို လှမ်းကြည့်ပြီး မေးလိုက်မိသည်။

"အမေ မြူ့ရဲ့ သွား၂ချောင်းက အစွယ်လေးလို ရှေ့ရောက်နေတယ်နော် အာ့ သွားစွယ်ဆိုတာလား ဟုလား?"

"အင်း ဟုတ်တယ် သွားစွယ်လို့ ခေါ်တယ်လေ သား"

"အင်း အာ့ဒါ သားဆီမှာကြ ဘာလို့ မရှိရတာလဲ သားသွားတွေကကြ ညီနေတာပဲ"

"အဲဒါ ငယ်သွားတွေလဲတော့ သူ့ဘာသာ သွားစွယ်လေးတွေ ပါလာတာသားရဲ့"

"ဟင် သားကြ ဘာလို့ မပါလာရတာလဲ"

"သူ့သဘာဝနဲ့သူပေါ့ မေ့သားမှာလည်း မျက်လုံးလေးတွေက ဝိုင်းဝိုင်းနဲ့ ကြည်ကြည်တောက်တောက်လေးတွေ နဲ့ ပါးချိုင့်လေးတွေလည်း ပါတာပဲဥစ္စာ သားပါးချိုင့်တွေက သူများနဲ့တောင် မတူဘူး"

"ဘာမတူလို့လဲ အမေရဲ့"

"သူများပါးချိုင့်လေးတွေက အစက်သေးသေးလေးချိင့်ခွက်သွားတာ သားက အကြီးကြီးချိုင့်ဝင်သွားတာလေ တမျိုးဆန်းနေတာပေါ့"

"မြူရဲ့ သွားစွယ်လေးတွေက ပိုလှသလိုပဲ အမေ"

"ဒါကတော့ ပါချင်တဲ့သူ ပါတာပဲသားရယ် လုပ်ယူလို့ရတာတွေမှ မဟုတ်တာ သူ့အလှနဲ့သူပေါ့"

မနာလိုလိုက်တာ မြူ.. ပါချင်တဲ့သူမှ ပါတာတဲ့လား ဒီတိုင်းနေရင် အနေတည်သလိုပုံလေးနဲ့ ရယ်လိုက်ပြီဆို သွားစွယ်လေး ၂ချောင်းက ပေါ်လာပြီး ဘယ်လိုရုပ်လေးဖြစ်သွားမှန်းမသိဘူး. မနာလိုလိုက်တာ

"သားလေး ဒီလာမယ့်အပတ်ထဲ အမေတို့ ကျောင်းသွားအပ်မယ်နော်"

ဝိုင့်အတွေးတို့အား ဖြိုခွင်းလိုက်သော အမေ့ရဲ့အသံ။

"အမေ သားဒီမှာပဲ ကျောင်းတက်ရတော့မှာလား ဘိုးဘိုးတို့ဆီ ပြန်တော့ဘူးလား"

မြူဝိုင်Where stories live. Discover now