ကျောင်းဆင်းခါနီးမှ မိုးက သည်းသည်းမည်းမည်း ရွာချလာပြန်သည်။ ထီးရောပါလာရဲ့လားလို့ ကျောပိုးအိတ်ထဲ ထိတ်လန့်တကြားကြည့်လိုက်တော့ တော်သေးသည်။ ပါလာလို့။ ခဏနေတော့ တခုခုထူးဆန်းနေ၍ ကျောပိုးအိတ်ဘေးဘက်အိတ်လေးကို ကြည့်လိုက်တော့ နောက်ထပ် ထီးတစ်ချောင်း။ မနက်က အမေ့စကားကို ပြန်ကြားယောင်မိသည်။
"သွန်းခရေ ဒီမှာ အမေ ကျောပိုးအိတ်ဘေးဘက်ထဲ ထီးထည့်လိုက်တယ်နော်"
ကျွန်တော်ကလည်း ထီးတစ်ချောင်းကို ကျောပိုးအိတ်အတွင်းထဲကို ထည့်ထားသည်ကို မေ့နေ၍ "ဟုတ်ကဲ့" ဟု ပြန်ပြောလိုက်ခြင်း။
"ဟာကွာ မိုးကလည်း ရွာပြန်ပြီ၊ ဒီနေ့ ထီးမေ့ခဲ့ပါတယ်ဆိုမှ" ဘေးမှ မင်းမော်သန့်၏အသံ။
ကျွန်တော့်မှာလည်း ထီးတစ်ချောင်းပိုနေတာဆိုတော့..
"ရော့ ငါ့မှာ တစ်ချောင်းအပိုပါလာတယ်"
"ဟာ ကျေးဇူး သွန်းခ"
ကျောင်းဆင်းပြီ၊ ကျွန်တော်နှင့် မင်းမော်သန့် အဆောင် အပြင်သို့ လှမ်းထွက်လာသည်။ ကော်ရစ်တာသို့အရောက် ကျွန်တော့်နားမှ ရုတ်တရက် ပြေးထွက်သွားသော မင်းမော်သန့်။ "ဘာဖြစ်တာလဲဟ" စိတ်ထဲမှ တွေးလိုက်မိသည်။ ပြီးနောက် ကောင်မလေးတစ်ယောက်နားသွား၍ စကားတွေ ပြောနေပြန်သည်။
ကျွန်တော် ခပ်လှမ်းလှမ်းမှ လှမ်းကြည့်နေ၍ သူတို့ပြောနေသော စကားသံတွေကို ကြားနေရသည်။
"ရွှေပိုးစက် ဟို.. ဟို.. ထီးမပါလာဘူးလား" မင်းမော်သန့်ဆီမှ တွန့်ဆုတ်ဆုတ်နှင့် ထွက်လာသော စကား။
"ဟုတ်တယ်" တိုးလျပေမယ့် မာနေတဲ့အသံ။
"ရော့ ဒီမှာ ဒီထီးယူသွား" ဪ၊ တော်တော်ကောင်းတယ်၊ ကျွန်တော်ကတော့ သူဆောင်းဖို့ ပေးတဲ့ဟာကို သူက ဖွန်ကြောင်ပြီး ထိုကောင်မလေးကို ပေးနေသည်။
"နင့်ထီးလား"
"ဟို.. အဲ.. ငါ့ထီးမဟုတ်ဘူး.. ငါ့သူငယ်ချင်း သွန်းခ ထီး"
"ဪ သူက ပေးခိုင်းလိုက်တာလား"
"ဟမ် အင်း၊ အင်း ဟုတ်တယ်" ဟာကွာ၊ အာ့ကောင်ကတော့ ဆွဲထည့်ပြန်ပြီ။
![](https://img.wattpad.com/cover/127878451-288-k975557.jpg)
YOU ARE READING
မြူဝိုင်
RomanceBL x OC ဒီဝတ္ထုလေးက လုံ့ရဲ့ ပထမဆုံးဝတ္ထုလေးမို့ လိုအပ်ချက်တွေ အများကြီးကို ရှိနေမှာပါ။ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ Basketball အားကစားနည်းနဲ့ ပတ်သတ်တာလေးကို လုံအားပေးထောက်ခံတဲ့ Lgbt နဲ့ အခြေခံပြီး ရေးချင်လွန်းလို့ပါ။ အာ့လိုပြောလို့ လုံက Basketball ကို ေ...